သို့ရာတွင်လေဝိအိမ်ထောင်ဦးစီးများစာရင်းကိုဧလျာရှိပ်၏မြေးယောဟနန်၏လက်ထက်တိုင်အောင်သာလျှင်တရားဝင်မှတ်တမ်းများတွင်တွေ့ရှိရ၏။
ဧ လျာ ရှိပ် သား ယော ဟ နန့် လက် ထက် တိုင် အောင်၊ လေ ဝိ အိမ် ထောင် အ အုပ် အ ချုပ် တို့ ကို စာ ရင်း ယူ ပြီး လျှင်၊ ရာ ဇ ဝင်၌ တင် သွင်း သ တည်း။
ဧလျာရှိပ်သား ယောဟနန်လက်ထက်တိုင်အောင် လေဝိသား အဆွေအမျိုး သူကြီးတို့ကို စာရင်းယူ၍ ရာဇဝင်မှတ်စာ၌ သွင်းသတည်း။
ဧလျာရှိပ်၏သား ယောဟနန်လက်ထက်တိုင်အောင် လေဝိအမျိုးအိမ်ထောင်စုအကြီးအမှူးတို့၏အမည်ကို ရာဇဝင်ချုပ်မှတ်တမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ထားကြ၏။
ယဇ်ပုရောဟိတ်မင်းများဖြစ်ကြသောဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်နှင့်ယာဒွါတို့၏လက်ထက်တွင်လေဝိအိမ်ထောင်စုနှင့်ယဇ်ပုရောဟိတ်အိမ်ထောင်စုဦးစီးခေါင်းဆောင်များ၏မှတ်တမ်းကိုထားရှိခဲ့၏။ ဤမှတ်တမ်းကိုပေရသိဧကရာဇ်ဒါရိလက်ထက်၌ပြုစုပြီးစီးလေသည်။
ဟာရှဘိ၊ ရှေရဘိ၊ ယောရှု၊ ဗိနွိ နှင့်ကပ်မျေလတို့၏ညွှန်ကြားအုပ်ချုပ်မှုကိုခံယူကာ လေဝိအနွယ်ဝင်တို့သည်အစုများခွဲ၍တာဝန်ယူရကြ၏။ သူတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်ပေးအပ်သည့်ညွှန်ကြားချက်များနှင့်အညီ တစ်ကြိမ်လျှင်နှစ်စုကျအတုန့်အပြန်ဘုရားသခင်အားထောမနာပြုလျက်ကျေးဇူးတော်ကိုချီးမွမ်းရကြလေသည်။