ယောရှု၏သားသည်ယောယကိမ်၊ ယောယကိမ်၏သားမှာဧလျာရှိပ်၊ ဧလျာရှိပ်၏သားကားယောယဒဖြစ်၏။
နေဟမိ 12:11 - Common Language Bible ယောယဒ၏သားသည်ယောနသန်၊ ယောနသန်၏သားမှာယာဒွါဖြစ်၏။ Garrad Bible ဧ လျာ ရှိပ် သား၊ ယော ယ ဒ၊ ယော ယ ဒ သား၊ ယော န သန်။ ယော န သန့် သား၊ ယာ ဒွါ တည်း။ Judson Bible ယောယဒသား ယောနသန်၊ ယောနသန်သား ယာဒွါတည်း။ မြန်မာ့စံမီသမ္မာကျမ်း ယောယဒ၏သားမှာ ယောနသန်၊ ယောနသန်၏သားမှာ ယာဒွါ ဖြစ်၏။ |
ယောရှု၏သားသည်ယောယကိမ်၊ ယောယကိမ်၏သားမှာဧလျာရှိပ်၊ ဧလျာရှိပ်၏သားကားယောယဒဖြစ်၏။
ယဇ်ပုရောဟိတ်မင်း ယောယကိမ်လက်ထက်၌အောက်ပါတို့သည် ယဇ်ပုရောဟိတ်သားချင်းစုတို့၏ဦးစီးခေါင်းဆောင်များအဖြစ်ဆောင်ရွက်ရကြ၏။ သားချင်းစု ဦးစီးခေါင်းဆောင် စရာယ မေရာယ ယေရမိ ဟာနနိ ဧဇရ မေရှုလံ အာမရိ ယောဟနန် မလ္လုတ် ယောနသန် ရှေခနိ ယောသပ် ဟာရိမ အာဒန မေရာယုတ် ဟေလကဲ ဣဒေါ ဇာခရိ ဂိန္နေသုန် မေရှုလံ အဘိယ ဇိခရိ မိညာမိန် ဟေဗြဲစာမူတွင်နာမည်မပါလာ မာဒျာ ပိလတဲ ဗိလဂ ရှမွာ ရှေမာယ ယေဟောနသန် ယောယရိပ် မတ္တေနဲ ယေဒါယ သြဇိ သလ္လု ကာလဲ အာမောက် ဧဗာ ဟိလခိ ဟာရှဘိ ယေဒါယ နာသနေလ
ယဇ်ပုရောဟိတ်မင်းများဖြစ်ကြသောဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်နှင့်ယာဒွါတို့၏လက်ထက်တွင်လေဝိအိမ်ထောင်စုနှင့်ယဇ်ပုရောဟိတ်အိမ်ထောင်စုဦးစီးခေါင်းဆောင်များ၏မှတ်တမ်းကိုထားရှိခဲ့၏။ ဤမှတ်တမ်းကိုပေရသိဧကရာဇ်ဒါရိလက်ထက်၌ပြုစုပြီးစီးလေသည်။