နေဟမိ 12:10 - Common Language Bible ယောရှု၏သားသည်ယောယကိမ်၊ ယောယကိမ်၏သားမှာဧလျာရှိပ်၊ ဧလျာရှိပ်၏သားကားယောယဒဖြစ်၏။ Garrad Bible ယော ရှု သား ကား၊ ယော ယ ကိမ်၊ ယော ယ ကိမ့် သား၊ ဧ လျာ ရှိပ်၊ Judson Bible ယောရှုသား ယောယကိမ်၊ ယောယကိမ်သား ဧလျာရှိပ်၊ ဧလျာရှိပ်သား ယောယဒ၊ မြန်မာ့စံမီသမ္မာကျမ်း ယေရွှာ၏သားမှာ ယောယကိမ်၊ ယောယကိမ်၏သားမှာ ဧလျာရှိပ်၊ ဧလျာရှိပ်၏သားမှာယောယဒ၊ |
ယဇ်ပုရောဟိတ်မင်းများဖြစ်ကြသောဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်နှင့်ယာဒွါတို့၏လက်ထက်တွင်လေဝိအိမ်ထောင်စုနှင့်ယဇ်ပုရောဟိတ်အိမ်ထောင်စုဦးစီးခေါင်းဆောင်များ၏မှတ်တမ်းကိုထားရှိခဲ့၏။ ဤမှတ်တမ်းကိုပေရသိဧကရာဇ်ဒါရိလက်ထက်၌ပြုစုပြီးစီးလေသည်။
ဤသူအပေါင်းတို့သည်ယောဇဒက်၏မြေး၊ ယောရှု၏သားယောယကိန်၊ ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်မြောက်သူယဇ်ပုရောဟိတ်ဧဇရတို့၏လက်ထက်၌နေထိုင်ကြသူများဖြစ်ပေသည်။
အောက်ပါတို့သည်တုန့်ပြန်သီဆိုမှုကိုပြုရသည့်သီချင်းသည်များဖြစ်ကြ၏။ ဗာကဗုကိ၊ ဥနိနှင့်အဖော်လေဝိအနွယ်ဝင်များ။
ယောယဒသည်ယဇ်ပုရောဟိတ်မင်းဧလျာ ရှိပ်၏သားဖြစ်၏။ သို့ရာတွင်သူ၏သားတစ် ယောက်သည်ဗေသဟောရနိမြို့သားသမ္ဘာ လတ်၏သမီးနှင့်အိမ်ထောင်ပြုသဖြင့် ငါ သည်ယောယဒအားယေရုရှလင်မြို့မှ နှင်ထုတ်လိုက်လေသည်။
ဗိမာန်တော်ပစ္စည်းသိုလှောင်ခန်းများကိုတာဝန် ယူထိန်းသိမ်းရသူ ယဇ်ပုရောဟိတ်ဧလျာရှိပ် သည်တောဘိနှင့်ခင်မင်ရင်းနှီးလျက်နေ သဖြင့်၊-
ယေရုရှလင်မြို့သို့ပြန်ရောက်၍ဗိမာန်တော် အခန်းတစ်ခုကို တောဘိအားဧလျာရှိပ်ပေး အပ်ထားကြောင်းကြားသိရသောအခါ ငါသည်ထိတ်လန့်၍၊-
မြို့ရိုးကိုပြန်လည်တည်ဆောက်ကြပုံကား ဤ သို့တည်း။ ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့်သူ၏ အဖော်ယဇ်ပုရောဟိတ်တို့သည် သိုးတံခါး ကိုပြန်လည်တည်ဆောက်၍ဆက်ကပ်ပြီး လျှင် တံခါးရွက်များကိုတပ်ဆင်ကြ၏။ သူတို့သည်မြို့ရိုးကိုရာပြည့်ပြအိုးနှင့် ဟာနနေလပြအိုးတိုင်အောင်ဆက်ကပ် ကြ၏။