ထိုနောက်အသက်ရှင်စေသောအပင်အနီး သို့မည်သူမျှမချဉ်းကပ်နိုင်စေရန် လည်ပတ် လျက်ရှိသောဋ္ဌားမီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကိုဥယျာဉ်အရှေ့ဘက်တွင်အစောင့်ချ ထားတော်မူ၏။
နာဟုံ 3:3 - Common Language Bible မြင်းစီးသူရဲတို့သည်တစ်ဟုန်တည်းတိုက်ခိုက်ကြရာ၊ သူတို့၏ဋ္ဌားများလှံများသည်ဝင်းကနဲလက်ကနဲ ဖြစ်၍နေတော့၏။ မရေမတွက်နိုင်အောင်များပြားသည့် လူသေအလောင်းတို့သည်စုပုံ၍နေ၏။ လူတို့သည်လည်းထိုအလောင်းကောင်များကို တိုက်မိ၍လဲကြ၏။ Garrad Bible မြင်း စီး သူ ရဲ တို့ ချီ ဝင် ခြင်း ထား လှံ လက် နက် ပြောင် လက် ခြင်း များ နှင့် တ ကွ။ ရေ တွက်၍ မ ကုန် နိုင် ခ လုတ် မ ရှောင် နိုင် အောင် လုပ် ကြံ ပြီး အ သေ ကောင် စု ပုံ လျက် ရှိ ကြ လေ စွ တ ကား Judson Bible မြင်းစီးသူရဲသည် မီးတောက်သောဓား၊ လျှပ်စစ်ပြက်သော လှံကိုချီလျက်၊ တိုက်သောသူရဲအများနှင့် သေသောသူ အပုံပုံရှိကြ၏။ အသေကောင်တို့ကို ရေတွက်၍ မကုန်နိုင်။ လူသေကောင်များကို ထိမိ၍ လဲတတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း တောက်ပြောင်သောဓားကိုဝင့်လျက်၊ လင်းလက်သောလှံကိုမြှောက်လျက် မြင်းစီးသူရဲတို့ ချီလာကြပြီ။ လူအမြောက်အမြား အသတ်ခံရသဖြင့် အလောင်းကောင်များ စုပုံနေပြီ။ အလောင်းကောင်တို့သည်လည်း အတိုင်းမသိများပြားကြ၏။ ထိုအလောင်းများကိုပင် ခလုတ်တိုက်လဲကျကြလေပြီ။ |
ထိုနောက်အသက်ရှင်စေသောအပင်အနီး သို့မည်သူမျှမချဉ်းကပ်နိုင်စေရန် လည်ပတ် လျက်ရှိသောဋ္ဌားမီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကိုဥယျာဉ်အရှေ့ဘက်တွင်အစောင့်ချ ထားတော်မူ၏။
ထိုည၌ထာဝရဘုရား၏ကောင်းကင်တမန်သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သားတစ်သိန်း ရှစ်သောင်းငါးထောင်ကိုဒဏ်ခတ်သဖြင့် နောက် တစ်နေ့အရုဏ်တက်ချိန်၌ထိုသူအပေါင်း တို့သည်သေလျက်နေကြ၏။-
သူတို့၏အလောင်းများသည်မြှုပ်နှံခြင်းကို မခံရဘဲ မြေပေါ်တွင်လဲလျက်ပုပ်စပ်နံစော် ၍နေလိမ့်မည်။ တောင်တို့သည်လည်းသွေးများ ဖြင့်နီရဲလျက်နေလိမ့်မည်။-
ထိုညဥ့်၌ထာဝရဘုရား၏ကောင်းကင်တမန် သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကိုသုတ်သင်ပစ် လေသည်။ နောက်တစ်နေ့အရုဏ်တက်ချိန်၌ ထိုသူအပေါင်းတို့သည်လဲ၍သေနေကြ၏။-
အပြစ်ရှိကြောင်းတွေ့ရှိရသူအပေါင်းတို့ အား ကိုယ်တော်သည်မီးအားဖြင့်လည်းကောင်း၊ ဋ္ဌားလက်နက်အားဖြင့်လည်းကောင်းဆုံးမ တော်မူလိမ့်မည်။ ထိုသူတို့သည်လည်းသေ ကြေရကြလိမ့်မည်။
ဂေါဂနှင့်စစ်သည်အလုံးအရင်းတို့သည် လည်းကောင်း၊ သူ၏မဟာမိတ်တို့သည်လည်း ကောင်းဣသရေလတောင်များပေါ်တွင်ကျ ဆုံးကြလိမ့်မည်။ ငါသည်သင့်အားငှက်ရဲ များနှင့်တောတိရစ္ဆာန်တို့၏အစာဖြစ်စေ မည်။-
လိုက်လံသူမရှိဘဲတစ်ဦးကိုတစ်ဦးတိုက် မိ၍လဲကျလိမ့်မည်။ မည်သည့်ရန်သူကိုမျှ ခုခံတိုက်ခိုက်နိုင်လိမ့်မည်မဟုတ်။-
စစ်မြင်းရထားတို့သည်လမ်းများတွင်အပြင်း နှင်ကာ၊ လူထုစုဝေးရာကွက်လပ်များတွင် အစုံအဆန်ပြေးကြကုန်၏။ ယင်းတို့သည်မီးရှူးတိုင်များသဖွယ် တောက်ပလျက်၊ လျှပ်စစ်ပြက်သကဲ့သို့လျင်မြန်ကြ၏။