နာဟုံ 3:19 - Common Language Bible သင်၏အနာများအတွက်ဆေးမရှိ။ သင် ၏ဒဏ်ရာများကိုလည်းပျောက်ကင်းအောင် ကုသ၍မရနိုင်။ သင်ဆုံးပါးပျက်စီး သည့်သတင်းကိုကြားသိကြသူအပေါင်း တို့သည်ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီး ကြ၏။ အဘယ်သူမျှသင်၏အတိုင်းမသိ ရက်စက်ကြမ်းကြုတ်မှုနှင့်ကင်းလွတ်ခဲ့သည် ဟူ၍မရှိ။ ပရောဖက်နာဟုံစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။ Garrad Bible ပြင်း ထန် စွာ သင် ခံ ရ သော ဒဏ် ချက် ကို ကု သ၍ မ ရ သင့် မ သ မာ မှု ကို မ ခံ ဘဲ နေ ရ သော လူ တ မျိုး မျှ မ ရှိ သည့် အ တိုင်း သင့် အ ကြောင်း သ တင်း ကြား ရ သူ အ ပေါင်း တို့ သည် လက် ပမ်း ပေါက် ခတ် ကြ လိမ့် သ တည်း ဟု မိန့် တော် မူ၏။ Judson Bible သင်၏အနာမပျောက်နိုင်။ ပြင်းစွာခံရ၏။ သင်၏သတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီးကြလိမ့်မည်။ အကြောင်းမူကား၊ သင်ပြုသော အဓမ္မအမှုကိုမခံဘဲ လွတ်သောသူကား အဘယ်သူနည်း။ ပရောဖက်နာဟုံ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။ မြန်မာ့စံမီသမ္မာကျမ်း သင့်ဒဏ်ရာကို ကုသပေးမည့်သူမရှိ။ သင့်အနာသည် ဆိုးရွားလှ၏။ သင်မနှိပ်စက်ခဲ့ဖူးသူ ရှိသလော။ ထို့ကြောင့် သင့်သတင်းကို ကြားရသောသူအားလုံး လက်ခုပ်တီးကြလိမ့်မည်။ |
အာရှုရိဧကရာဇ်သည်မိမိဖျက်ဆီးပစ် ရန် ဆုံးဖြတ်ထားသည့်တိုင်းနိုင်ငံကိုအဘယ် သို့ပြုတော်မူတတ်သည်ကိုသင်ကြားသိ ရပြီးဖြစ်ပါ၏။ သင်ကိုယ်တိုင်ပင်လျှင်ငါ ၏လက်မှလွတ်မြောက်နိုင်လိမ့်မည်ဟုမ ထင်မှတ်ပါနှင့်။-
အို ထာဝရဘုရား၊ အာရှုရိဧကရာဇ်မင်း များသည်လူမျိုးတကာတို့ကိုပျက်ပြုန်း စေ၍ သူတို့၏ပြည်များကိုလူသူဆိတ် ငြိမ်ရာဖြစ်စေလျက်-
နားထောင်ကြလော့။ သတင်းတစ်ရပ်ရောက်ရှိလာလေပြီ။ မြောက်အရပ်တွင်ထကြွလှုပ်ရှားမှုဖြစ်ပေါ် နေသည်။ သူတို့သည်ယုဒမြို့တို့ကိုခွေးအများခို အောင်းရာ လူသူကင်းမဲ့ရာအဖြစ်သို့ပြောင်းလဲစေလိမ့် မည်'' ဟုဆို၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့၏အနာများသည်ကျက်နိုင် တော့မည်မဟုတ်။ သင်တို့၏ဝေဒနာများသည်ကုသ၍ မပျောက်နိုင်တော့ပေ။
အီဂျစ်ပြည်သူပြည်သားတို့၊ ဂိလဒ်ပြည်သို့သွား၍ ဆေးဝါးများကိုရှာကြလော့။ သင်တို့၏ဆေးများသည်တန်ခိုးအာနိသင် မရှိ။ သင်တို့၏အနာရောဂါကိုမပျောက်ကင်းစေနိုင်။
မြို့ကိုဖြတ်သန်းသွားလာသူတို့သည် မထီမဲ့မြင်ပြုကာလက်ခုပ်တီးကြ၏။ သူတို့သည်ဦးခေါင်းကိုခါလျက်ယေရုရှလင် မြို့ပျက်ကိုပြက်ရယ်ပြုကြ၏။ ``နှစ်လိုဖွယ်ကောင်းသည့်မြို့ကားဤမြို့ပေလော။ ကမ္ဘာ၏ဂုဏ်အသရေကိုဆောင်သောမြို့ကား ဤမြို့ပေလော'' ဟုပျက်ရယ်ပြုကြ၏။
``အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား သင်တို့သည်လက်ခုပ်တီး၍ဝမ်းမြောက်စွာ ခုန်ပေါက်ကြ၏။ ဣသရေလပြည်ကိုရွံရှာ စက်ဆုပ်ကြ၏။-
ကိုယ်တော်က``သင်သည်နိနေဝေမြို့ကြီးသို့သွား၍သတိပေးလော့။ ထိုမြို့သူမြို့သားတို့သည်အလွန်ဆိုးယုတ်ကြကြောင်းကိုငါသိတော်မူပြီ'' ဟုမိန့်တော်မူ၏။-
ရှမာရိမြို့၏ဒဏ်ရာဒဏ်ချက်တို့ကိုကုသ ၍မရနိုင်။ ယုဒပြည်သည်လည်းထိုကဲ့သို့ သောကံကြမ္မာနှင့်တွေ့ကြုံရတော့မည်။ ငါ ၏အမျိုးသားတို့နေထိုင်ရာယေရုရှလင် မြို့တံခါးများသို့ဘေးအန္တရာယ်ဆိုက် ရောက်လာသည်'' ဟုဆိုလေ၏။
သူသည်ဘုရားသခင်၏လူစုတော်အားတိုက် ခိုက်၍ အနိုင်ရခွင့်နှင့်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူ အမျိုးအနွယ်ခပ်သိမ်းအား အုပ်စိုးပိုင်ခွင့်ကို လည်းရရှိပေသည်။-
ကမ္ဘာပေါ်ရှိရှင်ဘုရင်များသည်ထိုအမျိုးသမီး နှင့်ကာမဂုဏ်ခံစားခဲ့ကြ၏။ ကမ္ဘာသူကမ္ဘာသား တို့သည်လည်းသူ၏ကာမဂုဏ်ခံစားမှုတည်း ဟူသောစပျစ်ရည်ဖြင့်မူးယစ်ခဲ့ကြ၏'' ဟု ဆို၏။
ကောင်းကင်ဘုံသားတို့၊ ထိုမြို့ပျက်စီးသည့် အတွက်ဝမ်းမြောက်ရွှင်မြှုးကြလော့။ ဘုရား သခင်၏လူစုတော်ဝင်များ၊ တမန်တော်များ၊ ပရောဖက်များတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သင်တို့အားပြုသမျှအတွက်ဘုရားသခင် သည်ထိုမြို့ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။