အီဂျစ်ဘုရင်သည်ဒေါသအမျက်ထွက် သဖြင့် ဆီးရီးယားဘုရင်အားစစ်ဆင်တိုက် ခိုက်ပြီးလျှင် သူ၏အင်အားကြီးမားသော တပ်မတော်ကိုဖမ်းဆီးရမိလိမ့်မည်။-
ဒံယေလ 8:7 - Common Language Bible ငါသည်ဆိတ်ကသိုးအားဝှေ့သည်ကိုကြည့် ၍နေ၏။ ဆိတ်သည်ပြင်းစွာအမျက်ထွက်၍ သိုးကိုတအားကုန်ဝှေ့လိုက်ရာသိုး၏ဦး ချိုနှစ်ချောင်းကျိုးလေ၏။ သိုးသည်ပြန်လည် ခုခံနိုင်စွမ်းမရှိသဖြင့်မြေပေါ်သို့လဲ ကျကာခြေနှင့်အနင်းခံရလေသည်။ အဘယ်သူမျှသူ့အားမကယ်နိုင်တော့ပေ။ Garrad Bible အ မျက် ဒေါ သ နှင့် ထို သိုး ထီး ကို ချဉ်း ကပ် ခတ် ဝှေ့ လျက် ဦး ချို နှစ် ချောင်း လုံး ချိုး ဖဲ့ သည် ကို ငါ မြင်၏။ သိုး ထီး၌ ခံ ရပ် နိုင် သော အ စွမ်း မ ရှိ သ ဖြင့် ၎င်း ကို မြေ သို့ လှဲ၍ ဖိ နင်း လေ၏။ လက် တွင်း မှ လည်း ကယ် လွှတ် ခြင်း ငှာ စွမ်း နိုင် သူ မ ရှိ ချေ။ Judson Bible အနားသို့ ရောက်သောအခါ၊ ပြင်းစွာ အမျက်ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည် ခံနိုင်သော တန်ခိုးမရှိသည် ဖြစ်၍ ဆိတ်သည် သူ့ကိုမြေ၌လှဲ၍ နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင်။ မြန်မာ့စံမီသမ္မာကျမ်း သိုးထီးအနီးသို့ ရောက်လာသောအခါ အမျက်ဒေါသဖြင့် သိုးထီးကိုတိုက်ခိုက်ပြီး သိုးထီး၏ချိုနှစ်ချောင်းအား ချိုးဖဲ့ပစ်သည်ကို ငါမြင်ရ၏။ သိုးထီး၌ ဆိတ်ထီးကို ယှဉ်နိုင်သောခွန်အားမရှိ။ ဆိတ်ထီးသည် သူ့ကိုမြေပေါ်တွင်လှဲချကာ နင်းချေပစ်၏။ မည်သူမျှ သူ့ကို ဆိတ်ထီးလက်မှ မကယ်နုတ်နိုင်။ |
အီဂျစ်ဘုရင်သည်ဒေါသအမျက်ထွက် သဖြင့် ဆီးရီးယားဘုရင်အားစစ်ဆင်တိုက် ခိုက်ပြီးလျှင် သူ၏အင်အားကြီးမားသော တပ်မတော်ကိုဖမ်းဆီးရမိလိမ့်မည်။-
အခြားသားရဲတို့သည်မိမိတို့၏တန်ခိုးအာဏာများရုပ်သိမ်းခြင်းခံကြရသော်လည်း အချိန်အကန့်အသတ်နှင့်ဆက်လက်၍အသက်ရှင်ခွင့်ရရှိကြလေသည်။
ငါသည်ကြည့်ရှုနေစဉ်စတုတ္ထသားရဲကိုမြင်ရ၏။ ထိုသားရဲသည်ခွန်အားကြီး၍ထိတ်လန့်ကြောက်မက်ဖွယ်ကောင်း၏။ သူ၏သွားကြီးများဖြင့်ရန်သူတို့ကိုကိုက်ဝါးကာခြေဖြင့်နင်းချေ၏။ ဤသားရဲသည်အခြားသားရဲများနှင့်မတူချေ။ သူ့မှာဦးချိုဆယ်ချောင်းရှိ၏။-
ချိုအတက်သည်ကောင်းကင်ဗိုလ်ခြေတည်း ဟူသောကြယ်တာရာများကိုတိုက်ခိုက်နိုင် သည်တိုင်အောင် အင်အားကြီးမားလာကာ ထိုကြယ်တာရာအချို့တို့ကိုမြေသို့ ချ၍နင်းချေလေသည်။-
သူသည်ယခင်ကမြစ်အနီးတွင် ငါမြင် ခဲ့သောသိုး၏အနီးသို့ရောက်လာသော အခါ တစ်ဟုန်တည်းပြေး၍ဝှေ့လေ၏။-
ဆိတ်သည်ပို၍ပို၍မာန်မာနထောင်လွှား လာ၏။ သို့ရာတွင်သူတန်ခိုးအကြီးဆုံး အချိန်သို့ရောက်သောအခါသူ၏ဦးချို သည်ကျိုးသွားပြီးလျှင် ထိုဦးချို၏နေရာ တွင်အရပ်လေးမျက်နှာသို့ငေါထွက်နေ သောဦးချိုလေးချောင်းပေါက်၍လာလေ သည်။-
လိုက်လံသူမရှိဘဲတစ်ဦးကိုတစ်ဦးတိုက် မိ၍လဲကျလိမ့်မည်။ မည်သည့်ရန်သူကိုမျှ ခုခံတိုက်ခိုက်နိုင်လိမ့်မည်မဟုတ်။-
အာဣမြို့သားတို့သည်နောက်သို့လှည့်ကြည့် သောအခါ မြို့မှမီးခိုးလုံးကြီးများအထက် သို့တက်လျက်ရှိသည်ကိုမြင်ရလေသည်။ ထို အခါမြို့ပြင်ဘက်သို့ထွက်ပြေးခဲ့ကြသော ဣသရေလတပ်သားတို့သည်ပြန်လှည့်၍ အာဣမြို့သားတို့ကိုတိုက်ခိုက်ကြသဖြင့် သူတို့ထွက်ပေါက်မရှိဘဲပိတ်မိနေကြ၏။-