တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။
ဒံယေလ 8:25 - Common Language Bible သူသည်ပါးနပ်လိမ္မာသူဖြစ်သဖြင့် လိမ် လည်လှည့်စားမှုတို့တွင်အောင်မြင်လိမ့်မည်။ သူသည်မာန်မာနထောင်လွှားကာလူအ မြောက်အမြားကိုအမှတ်မထင်သုတ်သင် သတ်ဖြတ်လိမ့်မည်။ သူသည်ဘုရင်တကာ တို့၏ဘုရင်ကိုပင်လျှင်အံတုလိမ့်မည်။ သို့ ရာတွင်သူသည်လူ့လက်ဖြင့်မဟုတ်ဘဲ သုတ်သင်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။- Garrad Bible ထို မင်း သည် လိ မ္မာ စွာ ပြု သ ဖြင့် စဉ်း လဲ ခြင်း အောင် မြင် လျက် ဘေး မ မြော် မြင် သော လူ အ များ တို့ ကို စိတ် မောက် ကြွား၍ ဖျက် ဆီး ပြီး လျှင် မင်း ထက် မင်း ကို ပင် ပုန် ကန် သည့် အ တွက် လူ့ လက် ဖြင့် မ ဟုတ် ဘဲ ကျိုး ပဲ့ ပျက် စီး ခြင်း သို့ ရောက် လိမ့် မည်။ Judson Bible သူသည် လိမ္မာစွာပြုသဖြင့်၊ မုသားလည်း အောင်မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်းနှင့်တကွ မိတ်သဟာယဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်ဆီး၍၊ သခင်တို့၏သခင်ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက်ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သူ့လက်ထက်တွင် ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားအောင်နိုင်လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ်မြှောက်ပင့်လျက် လုံခြုံစိတ်ချစွာနေနေကြသော လူအများကို လိုက်လံဖျက်ဆီးလိမ့်မည်။ သခင်တကာတို့၏သခင်ကိုပင် ဆန့်ကျင်လိမ့်မည်။ သို့သော် လူ့လက်ဖြင့်မဟုတ်ဘဲ ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။ |
တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။
ထာဝရဘုရားက``မောဘပြည်သည်ငါထာဝရ ဘုရားအားပုန်ကန်ခဲ့သည်ဖြစ်၍ ထိုပြည်ကို ယစ်မူး၍နေစေကြလော့။ သူသည်မိမိ၏အန် ဖတ်တွင်လူးလှိမ့်၍နေလိမ့်မည်။ လူတို့သည် လည်းသူ့အားပြောင်လှောင်ကြလိမ့်မည်။-
ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။
သူသည်အောင်ပွဲကိုရရှိသဖြင့်လည်းကောင်း၊ စစ်သည်အမြောက်အမြားကိုသတ်ဖြတ်နိုင် ခဲ့သဖြင့်လည်းကောင်း ဂုဏ်ယူဝါကြွားလိမ့် မည်။ သို့ရာတွင်သူသည်ဆက်လက်၍အောင် ပွဲခံရလိမ့်မည်မဟုတ်။
သူသည်ဗိမာန်တော်တည်ရာတောင်တော်နှင့် ပင်လယ်စပ်ကြားတွင် မိမိအတွက်တဲတော် ကြီးများကိုပင်တည်ဆောက်လိမ့်မည်။ သို့ ရာတွင်မိမိအားမစကူညီမည့်သူမရှိ ဘဲထိုအရပ်တွင်သေဆုံးလိမ့်မည်။''
ထိုနောက်ကောင်းကင်ရုံးတော်မှတရားစီရင်ချက်ချမှတ်ကာ သူ၏တန်ခိုးအာဏာကိုရုတ်သိမ်း၍သူ့အားလုံးဝသုတ်သင်ပယ်ရှားလိမ့်မည်။-
ထိုဦးချိုတို့ကိုကြည့်နေစဉ်ယင်းတို့အကြားမှဦးချိုငယ်တစ်ချောင်းပေါ်လာသည်ကိုငါမြင်ရ၏။ ထိုဦးချိုငယ်ကရှိပြီးဦးချိုသုံးချောင်းကိုဖယ်ရှားလိုက်လေသည်။ ထိုဦးချိုငယ်တွင်လူကဲ့သို့မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိ၏။
ကောင်းကင်ဗိုလ်ခြေတို့၏အရှင်ကိုပင်အာ ခံလျက် ကိုယ်တော်အားပူဇော်နေကျဖြစ် သည့်ယဇ်များကိုရပ်စဲစေ၍ဗိမာန်တော် ကိုပျက်စီးစေ၏။-
ယခုဖော်ပြမည့်အချက်ကိုသတိပြု ၍နားလည်လော့။ ယေရုရှလင်မြို့ကိုပြန် လည်တည်ထောင်ရန်အမိန့်ပေးချိန်မှစ၍ ဘုရားသခင်ရွေးချယ်သည့်ခေါင်းဆောင် ပေါ်လာချိန်အထိ နှစ်ပေါင်းခုနစ်နှစ်နှင့် ခုနစ်လီရှိလိမ့်မည်။ ယေရုရှလင်မြို့သည် လမ်းများ၊ ခိုင်ခံ့သောမြို့ရိုးများနှင့်ပြန် လည်တည်ထောင်ခြင်းကိုခံရလိမ့်မည်။ ခုနစ်လီကြာအောင်တည်လိမ့်မည်။ သို့ ရာတွင်ထိုကာလသည်ဒုက္ခများရာ ကာလဖြစ်လိမ့်မည်။-
ထိုအခါမင်းကြီးသည်ဘုရားသခင်၏ ဂုဏ်တော်ကိုမထောက်သည့်အတွက် ချက်ချင်း ပင်ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုဒဏ်ခတ်သဖြင့် သန်ထိုး၍ကွယ်လွန် တော်မူလေသည်။
ဤအကြောင်းနှင့်ပတ်သက်၍လူတို့မှားယွင်း စွာပြောဆိုနေသည်ကိုလုံးဝမယုံကြနှင့်။ နောက်ဆုံးပုန်ကန်မှုကြီးမဖြစ်ပေါ်မီနှင့် ငရဲသို့လားရမည်ဖြစ်သောသူယုတ်မာ ကြီးမပေါ်ထွန်းမီထိုနေ့ရက်သည်ကျ ရောက်လိမ့်မည်မဟုတ်။-
ထိုအခါသူယုတ်မာကြီးသည်ပေါ်လွင်ထင် ရှားလာပေအံ့။ သို့ရာတွင်အရှင်ယေရှုကြွ လာတော်မူသောအခါသူယုတ်မာကြီးအား မိမိ၏ထွက်သက်လေဖြင့်ကွပ်မျက်၍ဘုန်း ရောင်ခြည်တော်ဖြင့်ပယ်ရှားတော်မူလိမ့်မည်။-
သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။
ကိုယ်တော်၏ဝတ်လုံတော်နှင့်ပေါင်တော်တွင်``ဘုရင် တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်'' ဟူသောအမည်နာမတော်ကိုရေးထားလျက် ရှိ၏။