ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
ဒံယေလ 6:20 - Common Language Bible ခြင်္သေ့တွင်းသို့ရောက်သောအခါစိုးရိမ်ပူ ပန်သောအသံနှင့်``အသက်ရှင်တော်မူသော ဘုရား၏အစေခံ၊ ဒံယေလ၊ သင်သစ္စာရှိ စွာကိုးကွယ်သောဘုရားသခင်သည်သင့် အားခြင်္သေ့များ၏ဘေးမှကယ်တော်မူ နိုင်ပါ၏လော'' ဟုမေးတော်မူ၏။ Garrad Bible ဒံ ယေ လ ရှိ ရာ ထို တွင်း သို့ ရောက် သော် ငို သံ နှင့် ဒံ ယေ လ ကို ခေါ် လျက် အ သက် ရှင် တော် မူ သော ဘု ရား သ ခင်၏ ကျွန် ဒံ ယေ လ၊ အ စဉ် မ ပြတ် သင် ကိုး ကွယ် သော ဘု ရား သ ခင် သည် ခြင်္သေ့ ဘေး မှ သင့် ကို ကယ် လွှတ် နိုင် တော် မူ ပါ၏ လော ဟု မေး ရာ၊ Judson Bible ရောက်လျှင်၊ ငိုကြွေးသောအသံနှင့် ဒံယေလကိုခေါ်၍၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ကျွန်ဒံယေလ၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဒံယေလရှိရာတွင်းဝနားသို့ရောက်လာသောအခါ ဝမ်းနည်းသောအသံဖြင့် ရှင်ဘုရင်က “အသက်ရှင်တော်မူသောဘုရားသခင်၏ကျွန် ဒံယေလ၊ သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကို ခြင်္သေ့တို့၏ဘေးမှ ကယ်တင်ပြီလော”ဟု ဒံယေလအား မေးလေ၏။ |
ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
ကူမတော်မူရန်ထာဝရဘုရား၏ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်အားအစဉ်အမြဲဝတ်ပြု ကိုးကွယ်ကြလော့။
ကွန်တော်မျိုးသည်သေသည့်တိုင်အောင် ပညတ်တော်တို့ကိုစောင့်ထိန်းရန်သန္နိဋ္ဌာန် ပြုပါပြီ။
ငါသည်အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်အားထောမနာပြုမည်။ တစ်သက်ပတ်လုံးငါ၏ဘုရားအားထောမနာ သီချင်းဆိုမည်။
သို့သော်လည်းကျွန်တော်မျိုးသည်ကိုယ်တော် ရှင်၏ ထံတော်ပါးတွင်အစဉ်အမြဲနေပါ၏။ ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ လက်ကိုဆွဲကိုင်ထားတော်မူပါ၏။
``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော် ရှင်သည်မဟာတန်ခိုးအာနုဘော်တော်အား ဖြင့်ကမ္ဘာမိုးမြေကိုဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်ရှင်မတတ်နိုင်လောက်အောင်ခက်ခဲ သောအရာဟူ၍မရှိပါ။-
ယခုသင်တို့သည်တံပိုးခရာ၊ ပလွေ၊ စောင်း ငယ်၊ ပတ်သာ၊ စောင်းကြီးနှင့်အခြားတူရိ ယာများတီးမှုတ်သံကိုကြားသည်နှင့်တစ် ပြိုင်နက်ရွှေရုပ်ကြီးကိုဦးညွှတ်ရှိခိုးကြ လော့။ အကယ်၍ရှိမခိုးကြပါကသင်တို့ သည်ပြင်းစွာအလျှံထလျက်နေသောမီး ဖိုထဲသို့ချက်ချင်းပစ်ချခြင်းကိုခံရ ကြလတ္တံ့။ သင်တို့အားကယ်နိုင်မည့်ဘုရား ရှိသည်ဟုသင်တို့ထင်မှတ်ကြသလော'' ဟုမိန့်တော်မူ၏။
အကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင် သည် အကျွန်ုပ်တို့အားပြင်းစွာအလျှံထ လျက်ရှိသောမီးဖိုကြီးထဲမှလည်းကောင်း၊ အရှင်၏လက်မှလည်းကောင်းကယ်နိုင် လျှင်လည်းကယ်တော်မူမည်။-
ထို့ကြောင့်မင်းကြီး၏အမိန့်အရဒံယေလ အားခြင်္သေ့လှောင်ရာတွင်းထဲသို့ပစ်ချလိုက် ကြ၏။ မင်းကြီးကဒံယေလအား``သင်သစ္စာ ရှိစွာကိုးကွယ်သောဘုရားသည်သင့်ကို ကယ်ဆယ်တော်မူပါစေသော'' ဟုမိန့်တော် မူ၏။-
မိုးသောက်ချိန်၌မင်းကြီးသည်ထ၍ ခြင်္သေ့တွင်းသို့အလျင်အမြန်ကြွ တော်မူ၏။-
ငါ၏အင်ပါယာနိုင်ငံတစ်လျှောက်လုံး ရှိလူအပေါင်းတို့၊ သင်တို့သည်ဒံယေလ ကိုးကွယ်သောဘုရားသခင်အားကြောက် ရွံ့ရိုသေကြရမည်ဖြစ်ကြောင်းငါ အမိန့်တော်ရှိသည်။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားဖြစ်တော်မူ၍၊ ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်အဘယ်အခါ ၌မျှ ပျက်စီးရလိမ့်မည်မဟုတ်။ ကိုယ်တော်၏တန်ခိုးတော်သည်လည်း အဘယ်အခါ၌မျှကုန်ဆုံးလိမ့်မည် မဟုတ်။
ကိုယ်တော်သည်ကူမကယ်တင်တော်မူ၍ မိုးကောင်းကင်၌လည်းကောင်း၊ ကမ္ဘာပေါ်၌လည်းကောင်းအံ့သြဖွယ်ရာ များနှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကို ပြတော်မူ၏။ ကိုယ်တော်သည်ဒံယေလအားခြင်္သေ့ များ၏ဘေးမှ ကယ်တင်တော်မူပါ၏'' ဟုပါရှိလေသည်။
ထို့ကြောင့်ယာကုပ်အနွယ်ဝင်တို့၊ သင်တို့ ၏ဘုရားသခင်ကိုယုံကြည်၍အထံ တော်သို့ပြန်ကြလော့၊ သစ္စာစောင့်လော့၊ ဖြောင့် မတ်စွာကျင့်လော့၊ သင်တို့၏ဘုရားသခင် ကိုစိတ်ရှည်စွာစောင့်စားလျက်နေကြလော့။
ထာဝရဘုရားက``ငါမတတ်နိုင်သည့်အရာ ရှိသလော။ ငါမိန့်တော်မူသမျှအတိုင်းဖြစ် မည်မဖြစ်မည်ကိုသင်မကြာမီတွေ့မြင်ရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ အားအဘယ်အခါမျှစိတ်အားမလျော့ဘဲ အခါခပ်သိမ်းဆုတောင်းပတ္ထနာပြုသင့်ကြောင်း ပုံဥပမာဆောင်၍သွန်သင်တော်မူ၏။-
ငါတို့အဖို့မှာမူဆုတောင်းပတ္ထနာပြုခြင်း နှင့် တရားတော်ကိုဟောပြောခြင်းအားဖြင့် သာလျှင် အချိန်ကိုကုန်လွန်စေကြမည်'' ဟု ဆို၏။
အကျင့်ကောင်းကိုဆက်လက်ပြုကျင့်လျက် ဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေ ကိုလည်းကောင်း၊ သေခြင်းကင်းသောဘဝကို လည်းကောင်းရှာသောသူတို့အား ဘုရားသခင် သည်ထာဝရအသက်ကိုပေးတော်မူလိမ့်မည်။-
သင်တို့သည်ငါတို့အတွက်ဆုတောင်းပတ္ထ နာပြုခြင်းအားဖြင့်ကူညီကြသည်နှင့် အညီ ကိုယ်တော်သည်ဤသို့ကြောက်မက် ဖွယ်ကောင်းသောသေဘေးမှငါတို့အား ကယ်တင်တော်မူ၏။ နောင်အခါ၌လည်း ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါတို့အားတစ်ဖန်ကယ်တင်တော်မူဦး မည်ဟုငါတို့ယုံကြည်မျှော်လင့်ကြ၏။ သို့ဖြစ်၍ဘုရားသခင်သည်သင်တို့ တောင်းလျှောက်သည့်ဆုတောင်းပတ္ထနာများ ကိုနားညောင်းတော်မူ၍ ငါတို့အားကောင်း ချီးပေးတော်မူလိမ့်မည်။ လူအမြောက် အမြားပင်လျှင်ငါတို့အတွက်ကျေးဇူး တော်ကိုချီးမွမ်းကြလိမ့်မည်။
စွဲမြဲစွာဆုတောင်းပတ္ထနာပြုကြလော့။ ဆုတောင်း ပတ္ထနာပြုရာတွင်နိုးနိုးကြားကြားရှိလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-
ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
သင်တို့မပြိုမလဲကြစေရန် စောင့်ရှောက်တော် မူနိုင်၍၊ သင်တို့အားအပြစ်ကင်းစင်စေလျက် ရွှင်လန်းဝမ်းမြောက်စွာ ဘုန်းအသရေထွန်း တောက်ရာရှေ့တော်မှောက်သို့ ဝင်ရောက်ခွင့်ကို ပေးတော်မူနိုင်သော၊-