ဤသေသောက်ကြူးတို့က`လာကြ၊ ငါတို့သည် စပျစ်ရည်ကိုယူ၍အစွမ်းကုန်သောက်ကြ ကုန်အံ့။ နက်ဖြန်နေ့သည်ယနေ့ထက်ပင်ပို ၍မွေ့လျော်ဖွယ်ကောင်းလိမ့်မည်' ဟုဆို တတ်ကြ၏။''
ဒံယေလ 4:4 - Common Language Bible ``ငါနေဗုခဒ်နေဇာမင်းသည်နန်းတော်တွင် ချမ်းမြေ့စွာ စံမြန်းလျက်နေတော်မူစဉ်အိပ် ပျော်ချိန်၌၊- Garrad Bible ငါ နေ ဗု ခဒ် နေ ဇာ သည် နန်း တော် တွင် စိတ် အေး စွာ စည်း စိမ် ခံ လျက် နေ စဉ် အ ခါ၊ Judson Bible ငါနေဗုခဒ်နေဇာသည် နန်းတော်၌ ငြိမ်ဝပ်စွာနေ၍ စည်းစိမ်ကြီးစဉ်အခါ၊ မြန်မာ့စံမီသမ္မာကျမ်း ငါနေဗုခဒ်နေဇာမင်းကြီးသည် ငါ့စံအိမ်တွင် နားနားနေနေရှိစဉ်၊ ငါ့နန်းတော်တွင် စည်းစိမ်ခံစားလျက်နေစဉ်၊ |
ဤသေသောက်ကြူးတို့က`လာကြ၊ ငါတို့သည် စပျစ်ရည်ကိုယူ၍အစွမ်းကုန်သောက်ကြ ကုန်အံ့။ နက်ဖြန်နေ့သည်ယနေ့ထက်ပင်ပို ၍မွေ့လျော်ဖွယ်ကောင်းလိမ့်မည်' ဟုဆို တတ်ကြ၏။''
ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။
သင်သည်မိမိ၏အဆင်းကြောင့်ဂုဏ်ယူဝါ ကြွားကာ မိမိ၏ဂုဏ်သတင်းကြောင့်လူမိုက် ကဲ့သို့ပြု၏။ သို့ဖြစ်၍ငါသည်သင့်ကိုမြေ တိုင်အောင်နှိမ့်ချ၍ အခြားဘုရင်များအား သတိပေးသည့်စံနမူနာဖြစ်စေမည်။-
အရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူသည်ကို အီဂျစ်ဘုရင်ဖာရောမင်းအား ဆင့်ဆိုရမည်မှာ မြစ်ထဲရှိခွန်အားကြီးမား သောအချင်းမိကျောင်း၊ ငါသည်သင်၏ရန်သူ ဖြစ်၏။ နိုင်းမြစ်ကိုသင်ပိုင်သည်၊ ထိုမြစ်ကား သင်ဖန်ဆင်းထားသောအရာဖြစ်သည်ဟု သင်ဆို၏။-
အရှင်မင်းကြီးမေးတော်မူသောအရာသည် လွန်စွာခက်ခဲသဖြင့် ဘုရားများမှလွဲ၍ အဘယ်သူမျှဖော်ပြနိုင်မည်မဟုတ်ပါ။ ဘုရားတို့သည်လည်းလူသားများနှင့် အတူနေထိုင်ကြသည်မဟုတ်ပါ'' ဟု လျှောက်ထားကြ၏။
ထိုအခါဗေလတရှာဇာဟုလည်းနာမည် တွင်သောဒံယေလသည် အလွန်ထိတ်လန့် သွားသဖြင့်စကားပင်မပြောနိုင်ဘဲနေ ၏။ မင်းကြီးက``အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အိပ်မက်၏အနက်ကြောင့်ထိတ် လန့်ခြင်းမရှိနှင့်'' ဟုမိန့်တော်မူလျှင်၊ ဗေလတရှာဇာက``အရှင်မင်းကြီး၊ ထိုအိပ် မက်နှင့်အနက်သည်အရှင်၏အတွက်မဟုတ် ဘဲအရှင်၏ရန်သူများအတွက်ဖြစ်ပါစေ သော။-
ဘုရင့်အတိုင်ပင်ခံအရာရှိအပေါင်းတို့ သည်ရှေ့တော်သို့ရောက်ရှိလာကြသော်လည်း အဘယ်သူမျှထိုစာတန်းကိုမဖတ်နိုင်။ ထို စာတန်း၏အနက်ကိုလည်းမင်းကြီးအား မဖော်ပြနိုင်ကြ။-
``ထိုအချိန်၌ငါသည်မီးခွက်ကိုယူ၍ ယေရုရှလင်မြို့တွင်ရှာဖွေမည်။ `ဘုရား သခင်သည်အခါခပ်သိမ်းကောင်းကျိုးဆိုး ကျိုး၊ အဘယ်အကျိုးကိုမျှမပေးတတ်' ဟုထင်မှတ်ရေရွတ်သူများ၊ မိမိတို့ကိုယ် ကိုအထင်ကြီး၍ကျေနပ်ရောင့်ရဲနေသူ များအားငါအပြစ်ဒဏ်ခတ်မည်။