ဗာသရှေဘသည်ဦးညွတ်ပျပ်ဝပ်လျက်``ကျွန်မ ၏သခင် အရှင်မင်းကြီးသည်သက်တော်ရှည် ပါစေသော'' ဟုမြွက်ဆိုလေ၏။
ဒံယေလ 3:9 - Common Language Bible နေဗုခဒ်နေဇာမင်းအား``အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။- Garrad Bible ဘု ရင် မင်း မြတ် ကာ လ အ စဉ် သက် တော် ရှည် ပါ စေ။ Judson Bible အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် နေဗုခဒ်နေဇာမင်းကြီးအား “အရှင်မင်းကြီး၊ သက်တော်ထာဝရတည်ပါစေသော။ |
ဗာသရှေဘသည်ဦးညွတ်ပျပ်ဝပ်လျက်``ကျွန်မ ၏သခင် အရှင်မင်းကြီးသည်သက်တော်ရှည် ပါစေသော'' ဟုမြွက်ဆိုလေ၏။
ထိုသူတို့ကအာရမိဘာသာစကားဖြင့် ``အရှင်မင်းကြီးသက်တော်ရာကျော်ရှည် ပါစေ။ အရှင်၏အိပ်မက်ကိုမိန့်ကြားတော် မူပါ။ အကျွန်ုပ်တို့အနက်ဖွင့်ပြပါမည်'' ဟုလျှောက်ထားကြ၏။
မယ်တော်မိဖုရားကြီးသည်မင်းကြီးနှင့်မှူး မတ်တို့ပြောဆိုကြသည့်စကားကိုကြား သဖြင့် စားသောက်ပွဲကျင်းပရာအခန်းထဲ သို့ဝင်လာပြီးလျှင်``အရှင်မင်းကြီး၊ သက် တော်ရာကျော်ရှည်ပါစေ။ ဤမျှစိတ်အနှောင့် အယှက်ဖြစ်၍မနေပါနှင့်။ ဤမျှမျက်နှာ ညှိုးငယ်၍လည်းမနေပါနှင့်။-
ထိုနောက်သူတို့သည်မင်းကြီးရှေ့တော်သို့ သွားရောက်၍``ဒါရိမင်းမြတ်သက်တော်ရာ ကျော်ရှည်တော်မူပါစေ။-
သို့ဖြစ်၍အစိုးရမင်းအားသင်တို့ပေးဆောင် ထိုက်သည်ကိုပေးဆောင်ကြလော့။ ပေးဆောင်စရာ ရှိသမျှသောအခွန်များကိုပေးဆောင်ကြလော့။ အာဏာပိုင်ရှိသမျှတို့အားရိုသေလေးစား ကြလော့။