ထိုည၌မင်းကြီးသည်စက်တော်ခေါ်၍မရ သဖြင့် အင်ပါယာနိုင်ငံတော်မှတ်တမ်းများ ကိုတောင်းယူကာဖတ်ပြစေတော်မူ၏။-
ဒံယေလ 2:1 - Common Language Bible နေဗုခဒ်နေဇာမင်းသည်နန်းစံဒုတိယ နှစ်တွင် အိပ်မက်ကိုမြင်မက်၍လွန်စွာစိတ် ပူပန်သဖြင့်စက်တော်ခေါ်၍မရ။- Garrad Bible နေ ဗု ခဒ် နေ ဇာ မင်း သည် နန်း စံ ဒု တိ ယ နှစ် တွင် အိပ် မက် ကို မြင် ရာ စိတ် ပူ ပန် သ ဖြင့် စက်၍ မ ပျော် သည် နှင့် အိပ် မက် တော် ကို ဖော် ပြ စေ ခြင်း ငှာ၊ Judson Bible နေဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင်၊ အိပ်မက်ကို မြင်တော်မူ၍ ထိတ်လန့်ခြင်း စိတ်ရှိသောကြောင့်၊ စက်တော်မခေါ်နိုင်သည်ဖြစ်၍၊ မြန်မာ့စံမီသမ္မာကျမ်း နေဗုခဒ်နေဇာမင်းကြီးသည် နန်းစံဒုတိယနှစ်တွင် အိပ်မက်မက်သဖြင့် စိတ်သောကရောက်၍ စက်တော်မခေါ်နိုင်ဘဲဖြစ်၏။ |
ထိုည၌မင်းကြီးသည်စက်တော်ခေါ်၍မရ သဖြင့် အင်ပါယာနိုင်ငံတော်မှတ်တမ်းများ ကိုတောင်းယူကာဖတ်ပြစေတော်မူ၏။-
ယောရှိ၏သား၊ ယုဒဘုရင်ယောယကိမ်နန်းစံ စတုတ္ထနှစ်၌ ယေရမိသည်ယုဒပြည်သူအ ပေါင်းတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏ထံ တော်မှဗျာဒိတ်တော်ကိုခံယူရရှိလေသည်။ (ထိုနှစ်ကားဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ၏နန်းစံပထမနှစ်ဖြစ်လေသတည်း။)-
မင်းကြီးက``ငါ့အားစိတ်ပူပန်စေသည့်အိပ် မက်ကိုငါမြင်မက်တော်မူသည်။ ထိုအိပ်မက် ၏အနက်ကိုငါသိလိုသည်'' ဟုဆို၏။
ငါ့အားအမြင့်မြတ်ဆုံးသောဘုရားသခင် ပြတော်မူသော အံ့သြဖွယ်ရာများနှင့်နိမိတ် လက္ခဏာများအကြောင်းကိုနားထောင်ကြ လော့။
ကြောက်မက်ဖွယ်ကောင်းသောအိပ်မက်ကို မြင်မက်၍ ထိတ်လန့်ဖွယ်ရာရူပါရုံများ ကိုမြင်ရ၏။-
ထိုအခါဗေလရှာဇာမင်းသည်လွန်စွာပူပင် သောကရောက်တော်မူသဖြင့် ပို၍ပင်မျက်နှာ ညှိုးငယ်လာလေသည်။ မှူးမတ်တို့သည်လည်း မှိုင်တွေလျက်နေကြ၏။
မင်းကြီးသည်နန်းတော်သို့ပြန်တော်မူ၍ တစ်ညဥ့်လုံးစားတော်မခေါ်။ အဘယ်သို့ သောဖြေဖျော်မှုကိုမျှခံယူတော်မမူ။ စက်တော်ခေါ်၍မပျော်နိုင်။
ဗာဗုလုန်ရှင်ဘုရင်၊ ဗေလရှာဇာမင်းနန်းစံပထမနှစ်၌ ငါသည်ညဥ့်အခါအိပ်မက်တွင်ဗျာဒိတ်ရူပါရုံတစ်ခုကိုမြင်ရ၏။ ထိုအိပ်မက်၏အကြောင်းကိုငါသည်ဤသို့မှတ်တမ်းရေးထားသတည်း။
ငါမြင်ရသောဗျာဒိတ်ရူပါရုံများကြောင့် ငါသည်ထိတ်လန့်၍လာသဖြင့်စိတ်ချောက်ချားကာ၊-