``ဆီးရီးယားဘုရင်၏သားတော်တို့သည် စစ်တိုက်ရန် ပြင်ဆင်ကြလျက်တပ်ကြီးတစ် တပ်ကိုစုရုံးကြလိမ့်မည်။ သူတို့အနက်မှ မင်းသားတစ်ပါးသည်မြစ်လျှံရေကဲ့သို့ ချီတက်လာကာ ရန်သူ့ခံတပ်တစ်ခုကို တိုက်ခိုက်လိမ့်မည်။-
ဒံယေလ 11:9 - Common Language Bible ဆီးရီးယားဘုရင်သည်အီဂျစ်ပြည်သို့ ချင်းနင်းဝင်ရောက်လာလိမ့်မည်။ သို့ရာတွင် သူသည်ပြန်လည်ဆုတ်ခွာရလိမ့်မည်။ Garrad Bible ထို မြောက် ဘု ရင် သည် တောင် ဘု ရင်၏ နိုင် ငံ သို့ တက် လာ သော် လည်း ကိုယ့် ပြည် သို့ ပြန် သွား ရ လိမ့် မည်။ Judson Bible တစ်ဖန် မြောက်ရှင်ဘုရင်သည် တောင်ရှင်ဘုရင်၏နိုင်ငံသို့ဝင်သော်လည်း မိမိပြည်သို့ ပြန်သွားရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်မှ မြောက်ဘုရင်သည် တောင်ဘုရင်၏နိုင်ငံသို့ စစ်ချီလာသော်လည်း မိမိပြည်သို့ ပြန်ဆုတ်သွားရလိမ့်မည်။ |
``ဆီးရီးယားဘုရင်၏သားတော်တို့သည် စစ်တိုက်ရန် ပြင်ဆင်ကြလျက်တပ်ကြီးတစ် တပ်ကိုစုရုံးကြလိမ့်မည်။ သူတို့အနက်မှ မင်းသားတစ်ပါးသည်မြစ်လျှံရေကဲ့သို့ ချီတက်လာကာ ရန်သူ့ခံတပ်တစ်ခုကို တိုက်ခိုက်လိမ့်မည်။-
အီဂျစ်ဘုရင်သည်ဒေါသအမျက်ထွက် သဖြင့် ဆီးရီးယားဘုရင်အားစစ်ဆင်တိုက် ခိုက်ပြီးလျှင် သူ၏အင်အားကြီးမားသော တပ်မတော်ကိုဖမ်းဆီးရမိလိမ့်မည်။-
``အီဂျစ်ဘုရင်သည်တန်ခိုးကြီးမားမည်ဖြစ် သော်လည်း သူ၏စစ်သူကြီးတစ်ဦးကသူ့ထက် ပို၍ တန်ခိုးကြီး၍သူ၏နိုင်ငံထက်ကြီး ကျယ်သောနိုင်ငံကိုအုပ်စိုးလိမ့်မည်။-
သူတို့၏ဘုရားရုပ်တုများနှင့်ယင်းတို့အား ဆက်ကပ်ထားသည့်ရွှေခွက်ငွေခွက်ရှိသမျှ တို့ကိုလည်း အီဂျစ်ပြည်သို့ယူဆောင်သွား လိမ့်မည်။ ထိုနောက်နှစ်ပေါင်းများစွာငြိမ်း ချမ်းပြီးမှ၊-
မြင်းနက်များကသည့်စစ်မြင်းရထားသည် မြောက်အရပ်သို့လည်းကောင်း၊ မြင်းဖြူများ သည်အနောက်ဘက်သို့လည်းကောင်း၊ ပြောက် ကျားမြင်းများသည်တောင်ဘက်အရပ် ဒေသသို့လည်းကောင်းသွားလျက်နေကြ၏။-
သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။