သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီမခန်းမခြောက်စေနှင့်။
ဦး ခေါင်း တွင် ဆီ မွှေး လိမ်း ကျံ လျက်၊ ဖြူ စင် သော အ ဝတ် ကို အ မြဲ ဝတ် ဆင် လော့။
သင့်အဝတ်လည်း၊ အစဉ် ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီ မခန်းမခြောက်စေနှင့်။
သင်၏အဝတ်များသည် အစဉ်အမြဲဖြူနေပါစေ။ သင်၏ခေါင်းပေါ်မှနံ့သာဆီကိုလည်း မခန်းခြောက်စေနှင့်။
ထို့ကြောင့်သူသည်တေကောမြို့နေအသိ အလိမ္မာရှိသူအမျိုးသမီးတစ်ယောက်ကို အခေါ်ခိုင်းပြီးလျှင် ထိုအမျိုးသမီးအား``သင် သည်ငိုကြွေးမြည်တမ်းဟန်ပြုလော့။ ဝမ်းနည်း ပူဆွေးသည့်အနေဖြင့်ဝတ်စား၍ခေါင်းမဖီး ဘဲ ကာလကြာမြင့်စွာငိုကြွေးမြည်တမ်းနေ သူအမျိုးသမီးတစ်ဦးကဲ့သို့ပြုမူလော့။-
ထိုနောက်ရှောလု၏မြေးမေဖိဗောရှက်သည် မင်းကြီးအားခရီးဦးကြိုပြုရန်လာရောက် ၏။ သူသည်မင်းကြီးယေရုရှလင်မြို့ကထွက် ခွာသွားချိန်မှအစပြု၍ အောင်မြင်စွာပြန် လည်ရောက်ရှိလာချိန်အထိ မိမိ၏ခြေတို့ ကိုမဆေး၊ မုတ်ဆိတ်ကိုမညှပ်၊ အဝတ်အစား ကိုလည်းမလျှော်မဖွတ်ဘဲနေ၏။-
မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် ရန်သူအပေါင်းတို့၏ရှေ့မှောက်တွင်စားပွဲကို တည်ခင်းတော်မူပါ၏။ ဧည့်သည်တော်အဖြစ်ကျွန်တော်မျိုး၏ဦးခေါင်းကို ဆီလောင်း၍ကြိုဆိုတော်မူ၏။ ကျွန်တော်မျိုး၏ခွက်ဖလားကိုလည်း ပြည့်လျှံအောင်ဖြည့်တော်မူပါ၏။
မွန်မြတ်သောအစာသို့မဟုတ်အသားကို မစား၊ စပျစ်ရည်ကိုမသောက်၊ ခေါင်းမဖြီး ဘဲသီတင်းသုံးပတ်ကုန်ဆုံးချိန်တိုင်အောင် နေ၏။
စပျစ်ရည်ကိုဖလားလိုက်သောက်၍အကောင်း ဆုံးဆီမွှေးကိုလိမ်းကာဖြင့်နေကြ၏။ ဣသ ရေလနိုင်ငံယိုယွင်းနေခြင်းကိုမူမကြေ ကွဲဘဲနေရက်ကြပြီတကား။-
သင်တို့သည်အစာရှောင်ကြသောအခါမျက်စိ ဖြင့်မတွေ့မမြင်နိုင်သော သင်တို့၏အဖမှလွဲ၍ အခြားမည်သူမျှမသိစေရန် မျက်နှာကိုသစ် ၍ဦးခေါင်းကိုဖြီးကြလော့။-
သင်သည်ငါ၏ခေါင်းကိုဆီဖြင့်မလိမ်း။ သူမူကား ငါ၏ခြေကိုဆီမွှေးဖြင့်လိမ်းလေပြီ။ ထိုကြောင့်သင့် အားငါဆိုသည်ကား ဤအမျိုးသမီးသည်များစွာ သောအပြစ်တို့မှပြေလွတ်လေပြီ။-
``ငါသည်သူခိုးလာသကဲ့သို့အမှတ်မထင် လာမည်။ သို့ဖြစ်၍အဝတ်အချည်းစည်းနှင့် သွားလာ၍လူတို့၏ရှေ့၌အရှက်မရစေ ရန်နိုးလျက်နေ၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည်မင်္ဂလာရှိ၏။
ကောင်းကင်ဗိုလ်ခြေတို့သည်စင်ကြယ်သည့်ပိတ် ချောဖြူထည်ကိုဝတ်ဆင်ကာမြင်းဖြူများစီး လျက်ထိုအရှင်၏နောက်တော်ကလိုက်ကြ၏။-
သူသည်ဝတ်ဆင်ရန်တောက်ပဖြူစင်သောပိတ် ချောထည်ကိုရရှိထားပြီ'' ဟုဆို၏။ (ထိုပိတ် ချောထည်ကားဘုရားသခင်လူစုဝင်တို့၏ မွန်မြတ်သည့်အကျင့်များကိုဆိုလိုသတည်း။)
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-
သို့ဖြစ်၍သင်သည်ကိုယ်လက်သုတ်သင်ပြီး လျှင် နံ့သာအမွှေးအကြိုင်များလူး၍အလှ ဆုံးအဝတ်အစားများကိုဝတ်ဆင်ကာသူ စပါးနယ်ရာသို့သွားပါလော့။ သို့ရာတွင် ထိုအရပ်သို့သင်ရောက်ရှိနေကြောင်းကို သူ စားသောက်ပြီးသည်တိုင်အောင်သူ့အား အသိမပေးနှင့်။-