သို့သော်လည်းဖလားတော်ဆက်ဝန်သည်ယောသပ် ကိုသတိမရဘဲမေ့လျော့လျက်နေလေ၏။
ဒေသနာကျမ်း။ 9:15 - Common Language Bible ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတယောက် သည် မိမိပညာအားဖြင့် ထိုမြို့ကို ကယ်တင်၏။ သို့သော် လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှ မအောက်မေ့။ Garrad Bible ၎င်း မြို့ တွင် ပ ညာ ရှိ ဆင်း ရဲ သား တစ် ယာက် ကို တွေ့ သ ဖြင့်၊ သူ့ ပ ညာ အ စွမ်း နှင့် ကယ် လွှတ် လေ၏။ သို့ ရာ တွင် ထို ပ ညာ ရှိ ဆင်း ရဲ သား ကို မည် သူ မျှ သ တိ မ ရ ချေ။ Judson Bible ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတစ်ယောက်သည် မိမိပညာအားဖြင့် ထိုမြို့ကိုကယ်တင်၏။ သို့သော်လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှမအောက်မေ့။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုမြို့၌ ပညာရှိသည့်ဆင်းရဲသောသူတစ်ယောက်ရှိ၍ သူသည် မိမိ၏ဉာဏ်ပညာအားဖြင့် ထိုမြို့ကိုကယ်တင်၏။ သို့ရာတွင် ထိုဆင်းရဲသောသူကို မည်သူမျှအောက်မေ့ခြင်းမရှိကြ။ |
သို့သော်လည်းဖလားတော်ဆက်ဝန်သည်ယောသပ် ကိုသတိမရဘဲမေ့လျော့လျက်နေလေ၏။
မြို့သူမြို့သားများထံသွား၍အကြံပေး၏။ သူတို့သည်ရှေဘ၏ဦးခေါင်းကိုဖြတ်ပြီး လျှင် တံတိုင်းကိုကျော်၍ယွာဘထံသို့ပစ် ပေးကြ၏။ ယွာဘသည်တံပိုးခရာမှုတ် လိုက်သောအခါသူ၏လူအပေါင်းတို့သည် ထိုမြို့မှထွက်ခွာကာမိမိတို့နေရပ်သို့ ပြန်ကြကုန်၏။ ယွာဘသည်လည်းယေရု ရှလင်မြို့ဘုရင့်ထံတော်သို့ပြန်လေ၏။
ပညာရှိသောသူသည် ခိုင်ခံ့သောမြို့ရိုးကို တက် ၍၊ မြို့သားကိုးစားစရာခွန်အားကို ရှုတ်ချတတ်၏။
ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။
ဆုံးမခြင်းကိုမခံ၊ အသက်ကြီး၍ မိုက်သော ရှင် ဘုရင်ထက်၊ ပညာရှိသောဆင်းရဲသား သူငယ်သည် သာ၍မြတ်၏။
ထိုမှတပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွား လာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မပြုဘူးသောမြို့၌ သူတို့ကိုအဘယ်သူမျှ မအောက် မေ့ကြောင်းကို၎င်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။