ဒေသနာကျမ်း။ 7:27 - Common Language Bible ဓမ္မဒေသနာဆရာ ဆိုသည်ကား၊ ငါရှာ၍ မ တွေ့သေး သောအရာကို တွေ့အံ့သောငှါ၊ တခုနောက် တခု စစ်ဆေးချင့်တွက်သောအခါ၊ Garrad Bible အာ စ ရိ ယ က လည်း၊ အ ကြောင်း အ ကျိုး ရှာ တွေ့ ရန်၊ အ ချင်း ချင်း နှိုင်း ယှဉ် လျက်၊ စိတ် ဖြင့် ရှာ၍ မ တွေ့ သော အ ရာ မှာ၊ တစ် ထောင် တွင် ယောက်ျား တစ် ဦး ကို တွေ့ သော် လည်း၊ မိန်း မ တစ် ဦး ကို မျှ မ တွေ့ ဟု ဆို၏။ Judson Bible ဓမ္မဒေသနာဆရာဆိုသည်ကား၊ ငါရှာ၍ မတွေ့သေးသောအရာကို တွေ့အံ့သောငှာ၊ တစ်ခုနောက်တစ်ခု စစ်ဆေးချင့်တွက်သောအခါ၊ မြန်မာ့စံမီသမ္မာကျမ်း ဒေသနာဆရာဆိုသည်ကား ကြည့်ရှုလော့။ ငါ၏စိတ်ဝိညာဉ်သည် အကြိမ်ကြိမ်ရှာဖွေသော်လည်း မတွေ့ခဲ့သောအကြောင်းအကျိုးကိုတွေ့ရှိနိုင်ရန် တစ်ခုအပေါ်တစ်ခုပေါင်းစပ်လိုက်ရာ ဤအချက်ကို ငါတွေ့ရှိရ၏။ |
ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။
ယောက်ျားတထောင်တို့တွင် တယောက်ကို ငါတွေ့ပြီ။ မိန်းမတထောင်တို့တွင် တယောက်ကိုမျှ ငါမတွေ့။