ဧသောသည်မော်ကြည့်၍မိန်းမများနှင့်ကလေး များကိုမြင်လျှင်``သင်နှင့်အတူပါလာသောဤ သူတို့ကားမည်သူတို့နည်း'' ဟုမေးလေ၏။
ဒေသနာကျမ်း။ 6:3 - Common Language Bible လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတရာပင် ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲ သေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည်သာ၍ မြတ်၏။ Garrad Bible သား သ မီး တစ် ရာ ရ သည့် အ ပြင်၊ အ သက် တာ ရှည်၍ နှစ် ပေါင်း များ စွာ နေ သော် လည်း၊ ကောင်း စား ခြင်း နှင့် မ ရောင့် ရဲ ဘဲ၊ သင်္ဂြိုဟ် ခြင်း မဲ့ သေ ရ သော လူ သည်၊ လျှော မွေး ထက် ယုတ် သည် ဟု ငါ ဆို၏။ Judson Bible လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတစ်ရာပင်ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲသေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည် သာ၍မြတ်၏။ မြန်မာ့စံမီသမ္မာကျမ်း လူသည် သားတစ်ရာမွေးဖွား၍ နှစ်ပေါင်းများစွာအသက်ရှင်ရလျက် သူ့အသက်တာ၏နေ့ရက်သည် များပြားလျှင်လည်း သူ၏စိတ်ဝိညာဉ်သည် ကောင်းကျိုးချမ်းသာကြောင့် အလိုပြည့်စုံသည်ဟူ၍မရှိသကဲ့သို့ သူ့ကို သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းလည်းမရှိလျှင် အသေမွေးသောကလေးသည် ထိုသူထက်ပို၍ကောင်းသည်ဟု ငါဆို၏။ |
ဧသောသည်မော်ကြည့်၍မိန်းမများနှင့်ကလေး များကိုမြင်လျှင်``သင်နှင့်အတူပါလာသောဤ သူတို့ကားမည်သူတို့နည်း'' ဟုမေးလေ၏။
ယာကုပ်က``ကျွန်တော်မျိုးသည်လောကတွင် ဧည့်သည်အာဂန္တုအဖြစ်နှစ်ပေါင်းတစ်ရာ့သုံး ဆယ်နေထိုင်ခဲ့ပါပြီ။ သို့ရာတွင်ဘိုးဘေး တို့၏သက်တမ်းကိုမမီပါ။ ကျွန်တော်မျိုး အသက်ရှင်ခဲ့သောနှစ်များမှာတို၍ကြမ်း တမ်းလှပါ၏'' ဟုလျှောက်လေ၏။-
အာဟပ်မင်း၏သားမြေးခုနစ်ဆယ်တို့သည် ရှမာရိမြို့တွင်နေထိုင်လျက်ရှိကြ၏။ ယေဟု သည်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်းသူများ ထံသို့စာရေး၍ပို့လိုက်၏။ ထိုစာတွင်၊-
သို့ရာတွင်သူ့အားသင်္ဂြိုဟ်ရန်သွားကြသော သူတို့သည် သူ၏ဦးခွံ၊ လက်ရိုး၊ ခြေရိုးမျှကို သာတွေ့ရှိရကြသဖြင့်၊-
ကိုယ်တော်သည်ငါ့အားသားများထွန်းကား စေတော်မူ၍ထိုသားတို့အနက်ရှောလမုန် ကိုထာဝရဘုရား၏နိုင်ငံတည်းဟူသော ဣသရေလပြည်ကိုအုပ်စိုးရန်ရွေးချယ် တော်မူ၏။''
ရောဗောင်တွင်စုစုပေါင်းမိဖုရားတစ်ဆယ့် ရှစ်ပါးနှင့် မောင်းမမိဿံခြောက်ဆယ်ရှိ၏။ သူသည်သားနှစ်ဆယ့်ရှစ်ယောက်နှင့်သမီး ခြောက်ဆယ်တို့၏ဖခင်ဖြစ်သော်လည်း မိမိ၏ မိဖုရားများနှင့်မောင်းမအပေါင်းတို့ အနက်မာခါကိုအများဆုံးချစ်တော်မူ၏။-
ထိုနောက်ဟာမန်သည်မိမိအဘယ်မျှချမ်း သာကြွယ်ဝကြောင်း မိမိမှာသားယောကျာ်း အဘယ်မျှရှိကြောင်း၊ မိမိအားဘုရင်မင်း မြတ်သည်ကြီးမြင့်သည့်ရာထူးဖြင့်အဘယ် သို့ချီးမြှင့်တော်မူကြောင်း၊ မိမိသည်အခြား မင်းအရာရှိများထက် အဘယ်မျှပို၍အရေး ပါအရာရောက်ကြောင်းများကိုကြွားဝါပြော ဆိုလေသည်။-
သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။
သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။
သူတို့သည်အကျိအချွဲအဖြစ်သို့အရည် ပျော်၍ သွားတတ်သည့်ပက်ကျိများကဲ့သို့ဖြစ်ကြပါစေသော။ အလင်းရောင်ကိုအဘယ်အခါ၌မျှမမြင်ရသည့် လျှောမွေးကဲ့သို့ဖြစ်ကြပါစေသော။
သို့ရာတွင် တခါမျှ မဖြစ်သေးသောသူ၊ နေ အောက်မှာ ပြုသော ဒုစရိုက်ကိုမမြင်သေးသောသူသည် ထိုနှစ်ဦးထက်သာ၍ မင်္ဂလာရှိ၏။
အကြောင်းမူကား၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီးပေါ်လာ၏။ မှောင်မိုက်ထဲမှာ ထွက်သွား၏။ သူ့အမည်ကား၊ မှောင်မိုက်နှင့်ဖုံးလွှမ်းလျက် ရှိလိမ့်မည်။
မြည်းသေကိုမသာချသကဲ့သို့သူ့အားဆွဲယူ သွားကာ ယေရုရှလင်မြို့တံခါးပြင်သို့ပစ်ထုတ်လိုက်ကြ လိမ့်မည်'' ဟူ၍ဖြစ်သည်။
သို့ဖြစ်၍သင်၏သားမြေးများသည်အဘယ် အခါ၌မျှ ဒါဝိဒ်မင်း၏ရာဇပလ္လင်၌ မင်းအဖြစ်ကိုရရှိကြလိမ့်မည်မဟုတ်ဟု ငါထာဝရဘုရားမြွက်ဆို၏။ သင်၏အလောင်း ကိုလည်းနေ့အခါနေပူ၍ညဥ့်အခါ ဆီး နှင်းထိရာအရပ်တွင်ပစ်ထုတ်ထားကြ လိမ့်မည်။-
သူတို့သည်မိမိတို့နှစ်သက်ကြည်ညို၊ ဝတ် ပြုရှိခိုး၊ နှီးနှောတိုင်ပင်ခဲ့ကြသည့်နေ၊ လ၊ ကြယ်များအောက်တွင်ထိုအရိုးတို့ကိုဖြန့် ကြဲထားလိမ့်မည်။ ယင်းတို့ကိုစုသိမ်းသင်္ဂြိုဟ် မည့်အစားမြေသြဇာသဖွယ်မြေပေါ်မှာ ခင်းကြလိမ့်မည်။-
ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရန်သွားရမည်။ သို့ရာတွင်လူသားကိုရန်သူလက် သို့အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့ကောင်းသေး၏'' ဟုမိန့်တော် မူသည်။