ရှောလမုန်ပြုလုပ်ခဲ့သည့်ရွှေဒိုင်းလွှားများ အပါအဝင် ဗိမာန်တော်နှင့်နန်းတော်မှဘဏ္ဍာ တော်ရှိသမျှတို့ကိုသိမ်းယူသွားလေ သည်။-
ဒေသနာကျမ်း။ 5:14 - Common Language Bible ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်၏။ စည်းစိမ်ရှင်မြင်သော သားသည် လည်း လက်ချည်းနေရ၏။ Garrad Bible မ ကောင်း သော အ မှု အ ရာ ကြောင့် ကုန် ခန်း သ ဖြင့်၊ အ မွေ ခံ သား သည်၊ လက် ချည်း ပင် နေ ရ သ တည်း။ Judson Bible ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်၏။ စည်းစိမ်ရှင်မြင်သော သားသည်လည်း လက်ချည်းနေရ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုဓနဥစ္စာသည် အဖြစ်ဆိုးတစ်ခုကြောင့်ဆုံးရှုံးသွား၍ ထိုသူသည် သားကိုရသော်လည်း ထိုသား၏လက်တွင် မည်သည့်အရာမျှမရှိချေ။ |
ရှောလမုန်ပြုလုပ်ခဲ့သည့်ရွှေဒိုင်းလွှားများ အပါအဝင် ဗိမာန်တော်နှင့်နန်းတော်မှဘဏ္ဍာ တော်ရှိသမျှတို့ကိုသိမ်းယူသွားလေ သည်။-
အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံ အထဲကယူသွား၍ စားတတ်၏။ သူ၏ ပစ္စည်းဥစ္စာကိုလည်း ရေငတ်သော သူသည် မျိုတတ်၏။
အရိပ်တမျှခဏသာအသက်ရှင်ပါ၏။ သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။ သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်း အဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။
လူသည်မိမိဘဝနှင့်ကျေနပ်၍ မိမိ၏အောင်မြင်မှုအတွက်အချီးအမွမ်း ခံရစေကာမူ
ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။
ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။
စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင် အောင်၊ စည်းစိမ်ကိုသိုထားခြင်းတည်းဟူသော၊ နေ အောက်၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ။
သို့မဟုတ်၊ စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့၊ ထိုနည်းတူပြန်သွား ရမည်။ ကြိုးစားအားထုတ်၍ ရသောဥစ္စာတစုံတခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ၍မသွားရ။
``သင်တို့သည်အသီးအနှံအမြောက်အမြား ကို ရိတ်သိမ်းရလိမ့်မည်ဟုမျှော်လင့်ခဲ့သော် လည်း အနည်းငယ်မျှသာရကြ၏။ အိမ်သို့ ယူဆောင်လာကြသောအခါ၌လည်း ငါ သည်ယင်းတို့ကိုလေတွင်လွင့်စင်သွား စေခဲ့၏။ အဘယ်ကြောင့်ဤသို့ငါပြုရ သနည်းဆိုသော်သင်တို့အားလုံးပင် မိမိ တို့နေအိမ်များကိုတည်ဆောက်မှုဖြင့်အလုပ် ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူယိုယွင်းပျက် စီးလျက်သာရှိနေစေကြသောကြောင့်ဖြစ် ၏ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။-''
အသက်မသေဘဲကျန်ရစ်သည့်သင်၏သားမြေး မှန်သမျှသည် ထိုယဇ်ပုရောဟိတ်ထံသို့သွား ရောက်၍ ကြေးငွေနှင့်အစားအစာတို့ကိုအသ နားခံရကြလိမ့်မည်။ သူတို့သည်အစားအစာ ရရှိရေးအတွက် ယဇ်ပုရောဟိတ်များအမှု ဆောင်ရာ၌ပါဝင်ကူညီခွင့်ရရှိရန်တောင်း ပန်အသနားခံရကြလိမ့်မည်။