ဘုရင်သည်ယောသပ်ကိုရှေ့တော်သို့သွင်းရန် အမိန့်ပေးတော်မူသဖြင့် သူ့အားအကျဉ်းထောင် မှချက်ချင်းထုတ်ဆောင်ခဲ့ကြလေသည်။ သူသည် မုတ်ဆိတ်ရိတ်၍အဝတ်လဲပြီးနောက်ဘုရင်ထံ သို့အခစားဝင်လေ၏။-
ဒေသနာကျမ်း။ 4:14 - Common Language Bible ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင် မူကား၊ အဘအရိပ်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။ Garrad Bible ထို သို့ သော သူ သည်၊ ပြည် နိုင် ငံ ၌ ဆင်း ရဲ သား ဖြစ် သော် လည်း၊ နှောင် အိမ် တွင်း မှ လွတ် ထွက်၍ နန်း တက် ရ၏။ Judson Bible ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင်မူကား၊ အဘအရိုက်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထိုလူငယ်သည် မိမိ၏နိုင်ငံတွင်ဆင်းရဲသောသူအဖြစ်မွေးဖွားလာသော်လည်း နန်းစံရန်အတွက် အကျဉ်းထောင်မှထွက်လာခဲ့သူဖြစ်၏။ |
ဘုရင်သည်ယောသပ်ကိုရှေ့တော်သို့သွင်းရန် အမိန့်ပေးတော်မူသဖြင့် သူ့အားအကျဉ်းထောင် မှချက်ချင်းထုတ်ဆောင်ခဲ့ကြလေသည်။ သူသည် မုတ်ဆိတ်ရိတ်၍အဝတ်လဲပြီးနောက်ဘုရင်ထံ သို့အခစားဝင်လေ၏။-
ယေခေါနိမင်းသည်မိမိ၏မယ်တော်၊ သားတော် များ၊ တပ်မှူးများ၊ နန်းတော်အရာရှိများနှင့်တကွ ဗာဗုလုန်အမျိုးသားတို့ထံတွင်အညံ့ခံတော် မူရ၏။ နေဗုခဒ်နေဇာသည်မိမိ၏နန်းစံရှစ်နှစ် မြောက်၌ယေခေါနိကိုသုံ့ပန်းအဖြစ်ဖမ်းဆီး ၍၊-
ယောယကိမ်ကွယ်လွန်သောအခါသူ၏သား တော်ယေခေါနိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
ဇေဒကိ၏သားများကိုဖခင်၏မျက်မှောက်၌ ကွပ်မျက်ပြီးလျှင် ဇေဒကိ၏မျက်စိများကို ဖောက်၍သူ့အားသံကြိုးများဖြင့်ချည်နှောင် ကာဗာဗုလုန်ပြည်သို့ဖမ်းဆီးသွားလေ သည်။
ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
နေအောက်မှာ ကျင်လည်သော သတ္တဝါ အပေါင်းတို့သည် မင်းအရိပ်အရာကိုခံရသော ထိုဒုတိယ သူဘက်၌ နေတတ်ကြသည်ကို ငါဆင်ခြင်၏။
သူတို့သည်ထာဝရဘုရားရွေးချယ်သည့်ဘုရင် ငါတို့၏အသက်သခင်ရန်သူအပေါင်းတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်ရန်ငါတို့ယုံကြည်ကိုးစားသည့် အရှင်ကိုဖမ်းဆီးကြပါ၏။
ဤသို့မြွက်ဆို၍စကားမဆုံးမီပင်လျှင်``အို နေဗုခဒ်နေဇာမင်း၊ ငါပြောသည်ကိုနား ထောင်လော့။ သင့်နိုင်ငံကိုသင်၏လက်မှ ယခုရုပ်သိမ်းလိုက်လေပြီ။-
ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။