ဘုရားသခင်သည်ဖန်ဆင်းတော်မူခဲ့သမျှ တို့ကိုရှုမြင်၍ အလွန်နှစ်သက်တော်မူ၏။ ညဦးမှနံနက်အထိဆဋ္ဌမနေ့ရက် ဖြစ်လေ၏။
ဒေသနာကျမ်း။ 3:11 - Common Language Bible ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နုလုံးကို လည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံး တိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။ Garrad Bible အ မှု အ ရာ ခပ် သိမ်း ကို အ ခါ သ မ ယ အ လိုက်၊ တင့် တယ် စွာ ဖန် ဆင်း တော် မူ သည့် ပြင်၊ လူ တို့ သည် ဘု ရား သ ခင် ပြု ပြင် တော် မူ ရာ ကို၊ အ စ က အ ဆုံး တိုင် အောင် ရှာ၍ မ တွေ့ လျက် ပင်၊ နိ စ္စ အ ရာ ကို စိတ်၌ စွဲ လမ်း စေ တော် မူ ၏။ Judson Bible ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံးတိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သူ့အချိန်နှင့်သူလှပအောင်ပြင်ဆင်တော်မူပြီး လူ၏စိတ်နှလုံးထဲ၌ ထာဝရကာလကိုလည်း ထည့်သွင်းထားတော်မူ၏။ သို့သော် အစမှအဆုံးအထိဘုရားသခင်ပြုတော်မူသောအမှုကို လူသည် ရှာဖွေ၍မတွေ့နိုင်။ |
ဘုရားသခင်သည်ဖန်ဆင်းတော်မူခဲ့သမျှ တို့ကိုရှုမြင်၍ အလွန်နှစ်သက်တော်မူ၏။ ညဦးမှနံနက်အထိဆဋ္ဌမနေ့ရက် ဖြစ်လေ၏။
သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။
အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောအရာတို့သည် များလှပါ၏။ ဉာဏ်ပညာတော်ဖြင့်ထိုအရာအပေါင်းတို့ကို ဖန်ဆင်းတော်မူပါ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင် ဖန်ဆင်းတော်မူသောသတ္တဝါများနှင့် ပြည့်လျက်ရှိပါ၏။
ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။
မိုဃ်းကောင်းကင်အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာ အားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား၏။ လူသား တို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသောအမှုကို ဘုရား သခင်ပေးတော်မူပြီ။
နံဝိညာဉ်သွားရာလမ်းကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း၌အရိုးတို့သည် အဘယ်သို့တိုးပွားသည်ကို ၎င်း မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏အမှုတော်တို့ကို မသိနိုင်။
ဘုရားသခင်၏ အမှုတော်ကိုဆင်ခြင်လော့။ ကောက်စေတော်မူသော အရာကိုအဘယ်သို့ ဖြောင့်စေ နိုင်သနည်း။
ဤအမှုအရာအလုံးစုံတို့ကို ငါသည်ပညာတရား အားဖြင့် စုံစမ်းပြီ။ ပညာနှင့်ငါပြည့်စုံမည်ဟုဆိုသော် လည်း၊ ပညာသည် ငါနှင့်ဝေး၏။
ငါတွေ့သောအရာ တခုတည်းဟူမူကား၊ ဘုရား သခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူ သော်လည်း၊ လူတို့သည် များပြာသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။
ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍ စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။
ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
ဆူးတောတွင်ကျသည့်မျိုးစေ့များသည်တရား တော်ကိုကြား၍အသီးအပွင့်မဖြစ်ထွန်းစေ နိုင်သောသူတို့ကိုဆိုလို၏။ သူတို့၏စိုးရိမ်ကြောင့် ကြမှုများနှင့်စည်းစိမ်ချမ်းသာခံစားလိုမှု များကတရားတော်မျိုးစေ့ကိုလွှမ်းမိုးသဖြင့် မည်သို့မျှမသီးမပွင့်နိုင်ချေ။-
ထိုအဖြစ်အပျက်အကြောင်းကိုကြားရသည့် လူအပေါင်းတို့သည်လွန်မင်းစွာအံ့သြကြ လျက် ``ကိုယ်တော်သည်ခပ်သိမ်းသောအမှုတို့ ကိုလျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသူတို့ ကိုကြားစေတော်မူပြီ။ ဆွံ့အသူတို့ကိုစကား ပြောစေတော်မူပြီ'' ဟုပြောဆိုကြ၏။
ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။-
ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။-
``ထာဝရဘုရားသည်သင်တို့ကိုကာကွယ် တော်မူသော အရှင်ဖြစ်တော်မူ၏။ အမှုတော်ခပ်သိမ်းတို့သည်စုံလင်၍ တရားမျှတပေ၏။ သင်တို့၏ဘုရားသခင်သည်သစ္စာတည်သောဘုရား၊ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။