ဘုရားသခင်သည်ဖန်ဆင်းတော်မူခဲ့သမျှ တို့ကိုရှုမြင်၍ အလွန်နှစ်သက်တော်မူ၏။ ညဦးမှနံနက်အထိဆဋ္ဌမနေ့ရက် ဖြစ်လေ၏။
ဒေသနာကျမ်း။ 2:11 - Common Language Bible ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။ Garrad Bible ထို့ နောက်၊ ငါ့ လက် မှု ရှိ သ မျှ နှင့် ကြိုး ပန်း စွာ လုပ် ကိုင် မှု ကို စဉ်း စား ရာ၊ အ လုံး စုံ ပင် အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ်၍၊ နေ အောက် တွင် ကောင်း ကျိုး မ ရှိ ဟု သိ မြင် ရ ၏။ Judson Bible ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။ နေအောက်မှာကောင်းသောအကျိုး တစ်စုံတစ်ခုမျှ မရှိ။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။ |
ဘုရားသခင်သည်ဖန်ဆင်းတော်မူခဲ့သမျှ တို့ကိုရှုမြင်၍ အလွန်နှစ်သက်တော်မူ၏။ ညဦးမှနံနက်အထိဆဋ္ဌမနေ့ရက် ဖြစ်လေ၏။
ကျွန်တော်မျိုး၏အသက်သည်အဘယ်မျှတိုကြောင်း အောက်မေ့သတိရတော်မူပါ။ ကိုယ်တော်ရှင်သည်သေမျိုးဖြစ်သော ကျွန်တော်မျိုးအပေါင်းတို့အားဖန်ဆင်းထား တော်မူသည်ကိုအောက်မေ့သတိရတော်မူပါ။
မောရှေသည်သူတို့လုပ်ပြီးသမျှကိုစစ် ဆေး၍၊ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလုပ်ဆောင်ကြကြောင်းတွေ့မြင်ရ၏။ ထို့ကြောင့်မောရှေသည်သူတို့အားကောင်းချီး ပေးလေ၏။
နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။
ပညာတရားကို၎င်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်း ပိုင်းခြား၍ သိအံ့သောငှါ ငါသည်နှလုံး ထား၏။ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ၏။
ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒ မပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
သူသည်လာသကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွား ရသောမှုအရာသည် အလွန်ဆိုးသောအမှုအရာဖြစ်၏။ လေကို ရအံ့သောငှါ ကြိုးစားအားထုတ်သော သူသည် အဘယ်ကျေးဇူးရှိသနည်း။
သင်တို့နှိမ်နင်းအောင်မြင်သည့်လူမျိုးတို့သည်% အချည်းနှီးအလုပ်ကြမ်းကိုလုပ်လျက်ပင်ပန်း% နွမ်းနယ်ရကြပေသည်။ သူတို့တည်ဆောက်ခဲ့% သမျှသောအဆောက်အဦတို့သည်မီးလောင်% ကျွမ်း၍သွားလေပြီ။ ဤအမှုကားအနန္တ% တန်ခိုးရှင်ထာဝရဘုရားပြုတော်မူသော% အမှုဖြစ်၏။-%
ငါတို့သည်ရှိသမျှဖြင့်တင်းတိမ်ရောင့်ရဲ တတ်ကြပါမူ ဘာသာရေးမှကြီးမားသော အမြတ်အစွန်းကိုအမှန်ပင်ရရှိနိုင်ကြ ပေသည်။-