ဒေသနာကျမ်း။ 12:12 - Common Language Bible တဖန်တုံ၊ ငါ့သား၊ ထိုသို့သောစကားအားဖြင့် ဆုံးမခြင်းကို ခံလော့။ စာများကိုစီရင်၍ မကုန်နိုင်။ စာကို ကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ်ကို နှောင့်ရှက် သောအမှုဖြစ်၏။ Garrad Bible ၎င်း ပြင်၊ ငါ့ သား၊ သ တိ ထား လော့။ စာ အ က္ခ ရာ များ ကို ပြင် ဆင်၍ မ ကုန်။ အ သင် အ ကြား အား ကြီး သ ဖြင့် ကိုယ် ခ န္ဓာ နွမ်း ရိ လေ၏။ Judson Bible တစ်ဖန်တုံ၊ ငါ့သား၊ ထိုသို့သောစကားအားဖြင့် ဆုံးမခြင်းကို ခံလော့။ စာများကိုစီရင်၍ မကုန်နိုင်။ စာကို ကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ်ကို နှောင့်ယှက်သောအမှုဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ငါ့သား၊ ဤအချက်တို့ကိုလည်း သတိပြုလော့။ များစွာသောစာအုပ်တို့ကိုရေးသားပြုစုခြင်းသည် အဆုံးမရှိ။ များစွာလေ့လာဆည်းပူးခြင်းသည်လည်း ကိုယ်ခန္ဓာကိုပင်ပန်းနွမ်းနယ်စေ၏။ |
အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။
သို့ရာတွင်သခင်ယေရှုသည်ဘုရားသခင်၏ သားတော်မေရှိယအရှင်ဖြစ်တော်မူကြောင်း သင်တို့ယုံကြည်ကြစေရန်လည်းကောင်း၊ ယင်း သို့ယုံကြည်ခြင်းအားဖြင့်ကိုယ်တော်၏နာမ တော်ကိုအမှီပြု၍အသက်ကိုရနိုင်ကြစေ ရန်လည်းကောင်းဤကျမ်းကိုရေးသားပြုစု သတည်း။
သခင်ယေရှုပြုတော်မူသောအခြားအမှု အရာများစွာရှိသေး၏။ ထိုအမှုအရာရှိ သမျှတို့ကိုမှတ်တမ်းတင်ရမည်ဆိုပါက ပြုစုရမည့်ကျမ်းဂန်များကိုထားရှိရန် ဤ လောကတွင်နေရာရှိမည်မဟုတ်ဟုထင် မြင်ပါသတည်း။ ရှင်ယောဟန်ခရစ်ဝင်ပြီး၏။
ကျမ်းစာတော်တွင်ရှာဖွေ၍ထာဝရအသက် ကိုတွေ့ရှိလိမ့်မည်ဟုသင်တို့ထင်မှတ်ကြသဖြင့် ကျမ်းစာတော်ကိုအပတ်တကုတ်လေ့လာကြ၏။ ထိုကျမ်းစာတော်ကပင်လျှင်ငါ့အကြောင်းကို သက်သေခံ၏။-