အီဂျစ်ဘုရင်သည်၊ အင်အားကြီးမားသော လက်တော်ဖြင့်တိုက်တွန်းခြင်းမပြုလျှင် သင် တို့အားသွားခွင့်ပြုမည်မဟုတ်ကြောင်းငါ သိ၏။-
ထွက်မြောက် 9:35 - Common Language Bible ထာဝရဘုရားသည်မောရှေအားမိန့်တော် မူခဲ့သည့်အတိုင်း ဘုရင်သည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ ပြန်၏။ Garrad Bible မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည့် အ တိုင်း ဖာ ရော မင်း သည် စိတ် နှ လုံး ခဲယဉ်း ၍ ဣ သ ရေ လ အ မျိုး သား တို့ ကို မ လွှတ် ဘဲ နေ ပြန် သ တည်း။ Judson Bible ထိုသို့ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် အစ္စရေးအမျိုးသားတို့ကို မလွှတ်ဘဲနေလေ၏။ |
အီဂျစ်ဘုရင်သည်၊ အင်အားကြီးမားသော လက်တော်ဖြင့်တိုက်တွန်းခြင်းမပြုလျှင် သင် တို့အားသွားခွင့်ပြုမည်မဟုတ်ကြောင်းငါ သိ၏။-
ထာဝရဘုရားကမောရှေအား``သင်သည် ယခုအီဂျစ်ပြည်သို့ပြန်မည်ဖြစ်ရာ၊ သင့် အားငါပေးထားသောတန်ခိုးဖြင့်ဖာရော ဘုရင်ရှေ့၌အံ့သြဖွယ်သောအမှုတို့ကို ပြုလော့။ ငါသည်သူ့စိတ်ကိုခိုင်မာစေသဖြင့်၊ သူသည်ဣသရေလအမျိုးသားတို့ကိုသွား ခွင့်ပြုလိမ့်မည်မဟုတ်။-
ဘုရင်သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲခေါင်းမာလျက်နေလေ၏။
ထိုသို့မိုးမရွာ၊ မိုးကြိုးသံနှင့်မိုးသီးများ ရပ်စဲသည်ကိုဘုရင်မြင်သောအခါ သူနှင့် တကွသူ၏မှူးမတ်တို့သည်ကတိမတည် ဘဲ ခေါင်းမာမြဲခေါင်းမာလျက်ရှိကြ၏။-