ထို့နောက်လူတို့၏ရှေ့မှောက်တွင်ရှောလမုန်သည် ယဇ်ပလ္လင်ရှေ့သို့သွားရပ်တော်မူ၏။ မင်းကြီး သည်လက်များကိုမြှောက်ချီလျက်၊-
ထွက်မြောက် 9:33 - Common Language Bible မောရှေသည်ဘုရင်ထံမှထွက်၍ မြို့ပြင်သို့ သွားပြီးလျှင်လက်များကိုမြှောက်၍ ထာဝရ ဘုရားထံဆုတောင်းသဖြင့်မိုးကြိုးသံနှင့် မိုးသီးများစဲလေ၏။ မိုးလည်းရပ်စဲသွား၏။- Garrad Bible မော ရှေ သည် ဖာ ရော မင်း ထံ မှ မြို့ ပြင် သို့ ထွက် သွား ပြီး လျှင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် လက် အုပ် ချီ သ ဖြင့် မိုး ကြိုး သံ၊ မိုး သီး အ ကျ စဲ၍ မြေ ပေါ် သို့ မိုး မ ရွာ။ Judson Bible မောရှေသည် ဖာရောဘုရင်ထံမှထွက်၍ မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ လက်ဝါးတို့ကိုဖြန့်သဖြင့်၊ မိုးကြိုးနှင့်မိုးသီးစဲလေ၏။ မြေပေါ်၌လည်း မိုးမရွာ။ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ဖာရောမင်းကြီးထံမှ မြို့ပြင်သို့ထွက်သွား၍ သူ၏လက်ကို ထာဝရဘုရားထံသို့ဖြန့်လျှင် မိုးချုန်းသံများနှင့်မိုးသီးကျခြင်းရပ်သွား၍ မြေပေါ်သို့ မိုးမရွာတော့ပေ။ |
ထို့နောက်လူတို့၏ရှေ့မှောက်တွင်ရှောလမုန်သည် ယဇ်ပလ္လင်ရှေ့သို့သွားရပ်တော်မူ၏။ မင်းကြီး သည်လက်များကိုမြှောက်ချီလျက်၊-
မောရှေနှင့်အာရုန်တို့သည်ဘုရင်ထံမှထွက် ခဲ့ကြ၏။ ဘုရင်သည်ထာဝရဘုရားသင့်စေ သောဖားများ၏ဘေးမှလွတ်မြောက်ရန်အတွက် မောရှေသည်ထာဝရဘုရားထံတွင်ဆုတောင်း လေ၏။-
ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍ ``ငါနှင့်ငါ၏ပြည်သားတို့ထံမှ ဖားတို့ကိုဖယ်ရှားပေးရန်ထာဝရဘုရား ထံဆုတောင်းပါလော့။ သို့ပြုလျှင်သင်တို့၏ အမျိုးသားများ ထာဝရဘုရားကိုယဇ် ပူဇော်ရန်သွားခွင့်ကိုငါပြုမည်'' ဟုဆို၏။
ထိုအခါမောရှေက``ကျွန်ုပ်သည်မြို့ပြင်သို့ ရောက်လျှင် ထာဝရဘုရားထံသို့လက်များ ကိုမြှောက်၍ဆုတောင်းပေးပါမည်။ ထာဝရ ဘုရားသည်ကမ္ဘာမြေကြီးကိုအစိုးရတော် မူကြောင်း ကိုယ်တော်သိစေခြင်းငှာမိုးကြိုး သံနှင့်မိုးသီးမိုးရပ်စဲလိမ့်မည်။-
ထိုသို့မိုးမရွာ၊ မိုးကြိုးသံနှင့်မိုးသီးများ ရပ်စဲသည်ကိုဘုရင်မြင်သောအခါ သူနှင့် တကွသူ၏မှူးမတ်တို့သည်ကတိမတည် ဘဲ ခေါင်းမာမြဲခေါင်းမာလျက်ရှိကြ၏။-