ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
ထွက်မြောက် 9:28 - Common Language Bible ငါတို့သည်မိုးသီးနှင့်မိုးကြိုးဒဏ်ကိုမခံ နိုင်တော့ပြီဖြစ်၍ ထာဝရဘုရားထံဆု တောင်းပေးပါလော့။ ငါသည်သင်တို့အား ချက်ခြင်းသွားခွင့်ပေးပါမည်'' ဟုဆိုလေ၏။ Garrad Bible ပြင်း ထန် သော မိုး ကြိုး သံ နှင့် မိုး သီး များ လှ ပြီ။ ထာ ဝ ရ ဘု ရား ကို တောင်း ပန် လော့။ သင် တို့ ကို ထပ် မံ မ နေ စေ ဘဲ ငါ လွှတ် ပေ အံ့ ဟု ဆို ရာ၊ Judson Bible တန်ပါပြီ။ အားကြီးသောမိုးကြိုးနှင့် မိုးသီးစဲမည်အကြောင်း၊ ထာဝရဘုရားကိုတောင်းပန်ပါ။ သင်တို့ကိုငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ထံမှ မိုးချုန်းသံများနှင့်မိုးသီးကျခြင်းမှာ တော်လောက်ပါပြီ။ ထာဝရဘုရားထံဆုတောင်းပေးပါလော့။ သင်တို့ကို ဆက်၍မနေစေဘဲ သင်တို့ကို ငါလွှတ်ပေးမည်”ဟု ဆိုလေ၏။ |
ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
ယခုတစ်ကြိမ်ငါ၏အပြစ်ကိုလွှတ်၍ ဤကပ်ဆိုးကြီးကိုဖယ်ရှားပေးရန် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားထံဆု တောင်းပတ္ထနာပြုပါလော့'' ဟုဆိုလေ၏။-
ထိုအခါဘုရင်သည်မောရှေကိုခေါ်၍``ထာဝရ ဘုရားအားဝတ်ပြုရန်သွားကြလော့။ သင်တို့ ၏အမျိုးသမီးများနှင့်ကလေးများကိုလည်း သင်တို့နှင့်အတူသွားကြစေ။ သင်တို့၏ သိုး၊ ဆိတ်၊ နွားများကိုသာထားခဲ့ကြလော့'' ဟု ဆိုလေ၏။
ထို့ကြောင့်ဘုရင်သည် မောရှေနှင့်အာရုန်တို့ အားပြန်ခေါ်လျက်``သင်တို့ဘုရားဖြစ်သော ထာဝရဘုရားအားဝတ်ပြုရန်သွားကြ လော့။ သို့သော်မည်သူတို့သွားကြမည်နည်း'' ဟုမေးလေ၏။
ထာဝရဘုရားက မောရှေအား``ငါသည်အီဂျစ် ဘုရင်နှင့်အီဂျစ်ပြည်သားတို့အားနောက်ဆုံး ဒဏ်ခတ်မည်။ ထိုနောက်သူသည်သင်တို့အား သွားခွင့်ပြုလိမ့်မည်။ စင်စစ်အားဖြင့်သင်တို့ အားလုံးကိုဤပြည်မှနှင်ထုတ်လိမ့်မည်။-
ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍``သင်တို့၏ဘုရားအားဤပြည် ထဲ၌ယဇ်ပူဇော်လော့'' ဟုဆိုလေ၏။
ဖာရောဘုရင်က``သင်တို့၏ဘုရားသခင် ထာဝရဘုရားအား တောကန္တာရ၌ယဇ်ပူ ဇော်ရန်ငါစေလွှတ်မည်။ သို့ရာတွင်ခရီး ဝေးမသွားရ။ ငါ့အတွက်ဆုတောင်းပေး ပါလော့'' ဟုဆိုလေ၏။
ဖားတို့သည်သင်နှင့်သင်၏မှူးမတ်၊ ပြည်သူတို့ အပေါ်သို့ခုန်တက်ကြလိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍ ``ငါနှင့်ငါ၏ပြည်သားတို့ထံမှ ဖားတို့ကိုဖယ်ရှားပေးရန်ထာဝရဘုရား ထံဆုတောင်းပါလော့။ သို့ပြုလျှင်သင်တို့၏ အမျိုးသားများ ထာဝရဘုရားကိုယဇ် ပူဇော်ရန်သွားခွင့်ကိုငါပြုမည်'' ဟုဆို၏။
``ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့်သူ၏ တပ်မတော်သည် မြို့ကိုတိုက်ခိုက်ရန်ဝိုင်းရံ လျက်ရှိသည်ဖြစ်၍ ထာဝရဘုရားအား ငါတို့အတွက်လျှောက်ထားပေးပါ။ ထာဝရ ဘုရားသည်ငါတို့အတွက်ထူးဆန်းသည့် နိမိတ်လက္ခဏာကိုပြတော်မူ၍ နေဗုခဒ် နေဇာမင်းအားပြန်လည်ဆုတ်ခွာကောင်း ဆုတ်ခွာစေတော်မူပါလိမ့်မည်'' ဟုပြော ကြားလာ၏။
ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-
ရှိမုန်က``အရှင်တို့မြွက်ဆိုသည့်အမှုအရာ တစ်စုံတစ်ခုကိုမျှမခံရစေရန် သခင်ဘုရား ထံအကျွန်ုပ်၏အတွက်ဆုတောင်းပေးတော်မူ ကြပါ'' ဟုတောင်းပန်လေသည်။
ရှမွေလအား``အရှင်၊ အကျွန်ုပ်တို့မသေရလေ အောင် အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ကျွန်ုပ်တို့အဖို့ဆုတောင်းတော်မူပါ။ ကျွန်ုပ်တို့ သည်ရှင်ဘုရင်ကိုတောင်းသောကြောင့်အပြစ် များတို့အပေါ်မှာထပ်ဆင့်၍အပြစ်ကိုပြု မိပါပြီ'' ဟုဆို၏။