ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။
ထွက်မြောက် 8:17 - Common Language Bible ထို့ကြောင့်အာရုန်သည်တောင်ဝှေးဖြင့်မြေ ကြီးကိုရိုက်သဖြင့် အီဂျစ်ပြည်ရှိမြေမှုန့် ရှိသမျှသည်တောခြင်ဖြစ်လာ၍ လူနှင့် တိရစ္ဆာန်တို့၌တွယ်ကပ်လေ၏။- Garrad Bible အာ ရုန် သည် တောင် ဝေး ကိုင် သော လက် ကို ဆန့်၍ မြေ မှုန့် ကို ရိုက် လျှင် အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် မြေ မှုန့် ရှိ သ မျှ သည် မြေ လှေး အ တိ ဖြစ်၍ လူ၌ လည်း ကောင်း၊ တိ ရ စ္ဆာန် ၌ လည်း ကောင်း တွယ် ကပ် ကုန် ၏။ Judson Bible အာရုန်သည် လှံတံကိုကိုင်လျက်လက်ကိုဆန့်၍ မြေမှုန့်ကိုရိုက်လေ၏။ မြေမှုန့်သည်လည်း လူ၌လည်းကောင်း၊ တိရစ္ဆာန်၌လည်းကောင်း ခြင်ကောင်ဖြစ်လေ၏။ အဲဂုတ္တုပြည် တစ်လျှောက်လုံး၌မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။ အာရုန်သည် မိမိလက်ကိုဆန့်၍ တောင်ဝှေးဖြင့် မြေမှုန့်ကို ရိုက်လျှင် အီဂျစ်ပြည်တစ်ပြည်လုံး၌ မြေမှုန့်ရှိသမျှသည် မှက်ကောင်များဖြစ်လေ၏။ ထိုမှက်ကောင်များသည် လူနှင့်တိရစ္ဆာန်တို့အပေါ် တွယ်ကပ်လေ၏။ |
ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။
ကိုယ်တော်သည်သူတို့အားအတိဒုက္ခပေးသည့် ယင်ရဲများကိုလည်းကောင်း၊ သူတို့၏လယ်ယာများကိုဖျက်ဆီးကြသည့် ဖားများကိုလည်းကောင်းသူတို့ထံသို့စေ လွှတ်တော်မူ၏။
ငါ၏သားသည်ငါ့အားဝတ်ပြုကိုးကွယ်နိုင်စေ ရန် သူ့ကိုသွားခွင့်ပြုရန်အမိန့်ရှိသော်လည်း သင်သည်သွားခွင့်မပေး။ ထို့ကြောင့်ငါသည်သင် ၏သားဦးကိုသေစေမည်' ဟုဆင့်ဆိုလော့'' ဟူ ၍မိန့်တော်မူ၏။
ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဖာရော ဘုရင်ထံသို့ဝင်ရောက်၍``ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား က`ဣသရေလအမျိုးသားတို့သည်တော ကန္တာရတွင်ဘုရားပွဲတော်ကျင်းပနိုင်ရန် သူတို့ကိုသွားခွင့်ပေးလော့' ဟုမိန့်တော်မူ ပါသည်'' ဟူ၍လျှောက်ထားကြ၏။
တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြေ ကြီးကိုသင်၏တောင်ဝှေးနှင့်ရိုက်လော့။ အီဂျစ် တစ်ပြည်လုံးတွင်မြေမှုန့်ရှိသမျှသည်တော ခြင်များဖြစ်လာလိမ့်မည်ဟုပြောလော့'' ဟူ ၍မောရှေအားမိန့်တော်မူ၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။
ထိုအခါမင်းကြီးသည်ဘုရားသခင်၏ ဂုဏ်တော်ကိုမထောက်သည့်အတွက် ချက်ချင်း ပင်ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုဒဏ်ခတ်သဖြင့် သန်ထိုး၍ကွယ်လွန် တော်မူလေသည်။