ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။
ထွက်မြောက် 8:12 - Common Language Bible မောရှေနှင့်အာရုန်တို့သည်ဘုရင်ထံမှထွက် ခဲ့ကြ၏။ ဘုရင်သည်ထာဝရဘုရားသင့်စေ သောဖားများ၏ဘေးမှလွတ်မြောက်ရန်အတွက် မောရှေသည်ထာဝရဘုရားထံတွင်ဆုတောင်း လေ၏။- Garrad Bible အာ ရုန် နှင့် အ တူ ဖာ ရော မင်း ထံ မှ ထွက် သွား၍ ဖာ ရော မင်း အ ပေါ် သို့ ထာ ဝ ရ ဘုရား သင့် ရောက် စေ တော် မူ သော ဖား ဘေး ဒဏ် အ ကြောင်း မော ရှေ ပ ဌ နာ ပြု ၏။ Judson Bible အာရုန်နှင့်အတူ အထံတော်မှထွက်သွား၍၊ ဖာရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော်မူသော ဖားတို့အကြောင်းကြောင့်၊ မောရှေသည် ဆုတောင်းပတ္ထနာပြုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီးထံမှထွက်သွားကြ၏။ ဖာရောမင်းကြီးအပေါ်၌ ဖားများကျရောက်စေတော်မူသောအမှုကြောင့် မောရှေသည် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်လေ၏။ |
ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။
သို့ရာတွင်မောရှေသည် မိမိ၏ဘုရားသခင် ထာဝရဘုရားအားတောင်းပန်လျှောက်ထား သည်မှာ``အို ထာဝရဘုရား၊ ကိုယ်တော်သည် အီဂျစ်ပြည်မှ၊ မဟာတန်ခိုးတော်ဖြင့်ကယ် တင်ခဲ့သောကိုယ်တော်၏လူမျိုးတော်ကို အမျက်ပြင်းစွာထွက်တော်မူမည်လော။-
ထာဝရဘုရားသခင်သည်မောရှေဆုတောင်း သည့်အတိုင်းပြုတော်မူသဖြင့်အိမ်များ၊ ခြံ များ၊ လယ်ကွင်းများထဲရှိဖားများသေကြ ကုန်၏။-
ထိုနောက်မောရှေသည်ဘုရင်ထံမှထွက်ခဲ့ ပြီးနောက် ထာဝရဘုရားထံ၌ဆုတောင်း လေ၏။-
ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍ ``ငါနှင့်ငါ၏ပြည်သားတို့ထံမှ ဖားတို့ကိုဖယ်ရှားပေးရန်ထာဝရဘုရား ထံဆုတောင်းပါလော့။ သို့ပြုလျှင်သင်တို့၏ အမျိုးသားများ ထာဝရဘုရားကိုယဇ် ပူဇော်ရန်သွားခွင့်ကိုငါပြုမည်'' ဟုဆို၏။
မောရှေသည်ဘုရင်ထံမှထွက်၍ မြို့ပြင်သို့ သွားပြီးလျှင်လက်များကိုမြှောက်၍ ထာဝရ ဘုရားထံဆုတောင်းသဖြင့်မိုးကြိုးသံနှင့် မိုးသီးများစဲလေ၏။ မိုးလည်းရပ်စဲသွား၏။-
အရှင်ထာဝရဘုရားက``ငါသည်ဤထက် မကပင်ပြုတော်မူမည်။ ဣသရေလအမျိုး သားတို့အားငါ့ထံတွင်တစ်ဖန်အကူအညီ တောင်းခံခွင့်ကိုပေးမည်။ သူတို့အားသိုးအုပ် ကဲ့သို့အရေအတွက်တိုးပွားလာစေမည်။-
ငါသည်သင်တို့အတွက်ဆုတောင်းပတ္ထနာမပြု ဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှား ခြင်းမှကင်းဝေးပါစေသော။ ငါသည်သင်တို့ အားကောင်းရာမှန်ရာကိုသာလျှင်သင်ကြား ပေးမည်။-