ကိုယ်တော်သည်သူတို့၏မြစ်များကိုသွေး အတိ ဖြစ်စေတော်မူ၍ ငါးရှိသမျှတို့ကိုသေစေတော်မူ၏။
ထွက်မြောက် 7:21 - Common Language Bible မြစ်ထဲ၌ရှိသောငါးတို့သည်သေကုန်၏။ ရေ သည်အလွန်အနံ့ဆိုးသဖြင့် အီဂျစ်ပြည် သားတို့သည်ထိုရေကိုမသောက်သုံးနိုင် ကြချေ။ အီဂျစ်တစ်ပြည်လုံးနေရာအနှံ့ တွင်သွေးနှင့်ပြည့်လေ၏။- Garrad Bible မြစ် ရှိ ငါး များ သေ လျက် မြစ် ရေ နံ စော် သော ကြောင့် အိ ဂျစ် လူ တို့ သည် မြစ် ရေ ကို မ သောက် နိုင်။ အိ ဂျစ် တစ် ပြည် လုံး သွေး နှံ့ ပျံ့ ကုန် ၏။ Judson Bible မြစ်၌ရှိသော ငါးတို့သည်လည်းသေကြ၍၊ မြစ်ရေနံသောကြောင့်၊ အဲဂုတ္တုလူတို့သည် မြစ်ရေကိုမသောက်နိုင်ကြ။ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ အသွေးနှံ့ပြားလျက်ရှိလေ၏။ မြန်မာ့စံမီသမ္မာကျမ်း နိုင်းမြစ်ထဲ၌ရှိသောငါးတို့သည် သေကြသဖြင့် နိုင်းမြစ်သည် အပုပ်နံ့ထွက်လေ၏။ ထို့ကြောင့် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ထဲမှရေကိုမသောက်သုံးနိုင်ကြ။ အီဂျစ်ပြည်တစ်ပြည်လုံး သွေးနှင့်ပြည့်လေ၏။ |
ကိုယ်တော်သည်သူတို့၏မြစ်များကိုသွေး အတိ ဖြစ်စေတော်မူ၍ ငါးရှိသမျှတို့ကိုသေစေတော်မူ၏။
မြစ်ထဲရှိငါးတို့သေ၍မြစ်ရေသည်နံစော် သဖြင့်၊ အီဂျစ်ပြည်သားတို့သည်ထိုရေကို မသောက်သုံးနိုင်ဖြစ်ရလိမ့်မည်' ဟုဘုရင် ကိုပြောလော့'' ဟူ၍မိန့်တော်မူ၏။
မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းလိုက်နာဆောင်ရွက်ကြ၏။ အာရုန်သည်ဘုရင်နှင့်သူ၏မှူးမတ်များ၏ ရှေ့တွင်တောင်ဝှေးကိုမြှောက်၍ မြစ်ရေကိုရိုက် ရာမြစ်ရေသည်သွေးဖြစ်လေ၏။-
သို့ရာတွင်အီဂျစ်မှော်ဆရာတို့ကလည်း၊ မိမိတို့၏အတတ်ဖြင့်ရေကိုသွေးဖြစ်စေ ကြရာဘုရင်သည် ယခင်နည်းတူခေါင်းမာ မြဲခေါင်းမာလျက်နေ၏။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း သူသည်မောရှေ နှင့်အာရုန်တို့၏စကားကိုနားမထောင် ဘဲနေလေ၏။-
အီဂျစ်ပြည်သားတို့သည်ဖားသေကောင်များ ကိုစုပုံထားကြရာတစ်ပြည်လုံးတွင်နံစော် လျက်ရှိလေ၏။-
နိုင်းမြစ်တွင်ငါးလုပ်ငန်းဖြင့်အသက်မွေးသူ အပေါင်းတို့သည် ညည်းညူငိုကြွေးကြလိမ့်မည်။ သူတို့၏ငါးမျှားချိပ်များနှင့်ပိုက်ကွန်များ သည်လည်း အသုံးဝင်ကြတော့မည်မဟုတ်။-
ပင်လယ်သတ္တဝါသုံးပုံတစ်ပုံတို့သည်သေ ကြ၏။ သုံးပုံတစ်ပုံမျှသောင်္သဘောတို့ သည်လည်းပျက်စီးသွားကြ၏။