ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
ထွက်မြောက် 5:14 - Common Language Bible အီဂျစ်အမျိုးသားအုပ်ချုပ်သူတို့က ဣသ ရေလအမျိုးသားအလုပ်ကြပ်တို့ကိုရိုက် နှက်လျက်``ယနေ့သင်တို့သည်အဘယ်ကြောင့် ယခင်အုတ်အရေအတွက်နှုန်းကိုမီအောင် မထုတ်နိုင်သနည်း'' ဟုမေးကြ၏။ Garrad Bible ဖာ ရော မင်း ၏ အ အုပ် အ ချုပ် တို့ ခန့် ထား သော ဣ သ ရေ လ အ မျိုး သား အ ကြပ် အ ဆော် တို့ အား၊ သင် တို့ သည် အ ထက် က အုတ် လုပ် ခဲ့ သည့် အ တိုင်း ယ မန် နေ့ နှင့် ယ နေ့ လုပ် ငန်း ဝန် တာ ကို အ ဘယ် ကြောင့် မ ပြီး စီး ကြ သ နည်း ဟု ဆို ၍ ရိုက် နှက် ကြ ၏။ Judson Bible ဖာရောမင်း၏အအုပ်အချုပ်တို့သည် ခန့်ထားသော ဣသရေလအမျိုးအကြပ်အဆော်တို့ကို သင်တို့သည် အရင်ကလုပ်သည်အတိုင်း၊ ယနေ့နှင့် မနေ့၌ အုတ်လုပ်ရသောအမှုကို အဘယ်ကြောင့် မပြီးစီးစေကြသနည်းဟု စစ်၍ရိုက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီး၏အဓမ္မစေခိုင်းသူများသည် မိမိတို့ခန့်ထားသောအစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူများကိုလည်း ရိုက်နှက်ကာ “သင်တို့သည် ယခင်ကကဲ့သို့ သင်တို့လုပ်ရမည့်အုတ်ကို သတ်မှတ်ချက်အတိုင်း မနေ့ရောယနေ့ပါ အဘယ်ကြောင့် မပြီးစီးကြသနည်း”ဟု ဆိုကြ၏။ |
ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
အုပ်ချုပ်သူတို့က``သင်တို့သည်ကောက်ရိုးရ စဉ်က နေ့စဉ်ဖုတ်ပြီးသမျှအုတ်အရေအတွက် နှုန်းအတိုင်း ယခုလည်းပြီးစီးစေရမည်'' ဟု ဆိုလျက်ဣသရေလအမျိုးသားတို့အား အသော့ခိုင်းလေ၏။-
ထိုအခါအလုပ်ကြပ်တို့သည်ဖာရောဘုရင် ထံသို့ဝင်၍``အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် တို့အားအဘယ်ကြောင့်ဤသို့ပြုပါသနည်း။-
ထိုနေ့၌ပင်ဖာရောဘုရင်သည် အီဂျစ်အမျိုး သားအုပ်ချုပ်သူ၊ ဣသရေလအမျိုးသား အလုပ်ကြပ်တို့အား၊-
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဇိအုန် မြို့တွင်နေထိုင်ကြသူ မိမိတို့၏လူမျိုးတော် အား``အာရှုရိအမျိုးသားတို့သည်အီဂျစ် အမျိုးသားတို့နည်းတူ သင်တို့အားဖိနှိပ် ကြသော်လည်း သင်တို့သည်သူတို့ကိုမ ကြောက်ကြနှင့်။-