ထွက်မြောက် 4:27 - Common Language Bible ထာဝရဘုရားကအာရုန်အား``မောရှေနှင့် တွေ့ဆုံရန်တောကန္တာရသို့သွားလော့'' ဟု အမိန့်ရှိတော်မူသည်အတိုင်းသူသွားလေ၏။ သူသည်မောရှေကို ထာဝရဘုရား၏တောင် ပေါ်၌တွေ့ဆုံလျှင်သူ့ကိုနမ်း၍နှုတ်ဆက်၏။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း၊ မော ရှေ ကို ကြို ဆို ခြင်း ငှါ တော သို့ သွား လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ အာ ရုန် သွား၍ ဘု ရား သခင့် တောင် တော် ပေါ် တွင် တွေ့ ကြုံ နမ်း ရှုပ် ပြီး လျှင်၊ Judson Bible ထာဝရဘုရားကလည်း၊ မောရှေကိုခရီးဦးကြိုပြုခြင်းငှာတောသို့သွားလော့ဟု အာရုန်အားမိန့်တော်မူသည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏တောင်ပေါ်၌ မောရှေကိုတွေ့၍ နမ်းခြင်းကိုပြု၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက အာရုန်အား “မောရှေကိုကြိုဆိုရန် တောကန္တာရသို့သွားလော့”ဟု မိန့်တော်မူသဖြင့် အာရုန်သည် သွား၍ ဘုရားသခင်၏တောင်တော်၌ မောရှေနှင့်တွေ့ဆုံလျှင် သူ့ကိုနမ်းလေ၏။ |
ထို့ကြောင့်ဧလိယသည်ထ၍စားပြီးနောက် သန့်ရှင်းမြင့်မြတ်သောသိနာတောင်သို့ ရက်ပေါင်း လေးဆယ်တိုင်တိုင်ခြေလျင်ခရီးပြုနိုင်သော ခွန်အားကိုရရှိလေသည်။-
ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။
ယေသရောသည်မောရှေ၏ဇနီးနှင့်သား များတို့ကို တောကန္တာရရှိထာဝရဘုရား ၏တောင်တွင်စခန်းချလျက်ရှိသောမောရှေ ထံသို့ခေါ်ဆောင်လာ၏။-
သို့ဖြစ်၍မောရှေသည်ထွက်လာ၍ယောက္ခမ ကိုဦးညွှတ်လျက်နမ်းရှုပ်ကြိုဆိုလေ၏။ သူ တို့အချင်းချင်းနှုတ်ခွန်းဆက်ကြပြီး နောက်မောရှေ၏တဲထဲသို့ဝင်ကြ၏။-
မောရှေသည်ဘုရားသခင်ကိုဖူးတွေ့ရန် တောင်ပေါ်သို့တက်လေ၏။ တောင်ပေါ်တွင်ထာဝရဘုရားသည်မောရှေ ကိုခေါ်၍၊ ယာကုပ်၏အဆက်အနွယ်ဣသ ရေလအမျိုးသားတို့အားဆင့်ဆိုခိုင်း သည်ကား၊-
လူအပေါင်းတို့သည်မိုးချုန်းသံ၊ တံပိုးမှုတ်သံ နှင့်လျှပ်စစ်ပြက်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်း တို့ကိုကြားရမြင်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်လျက်အဝေး၌ရပ်နေကြ၏။-
ထို့ကြောင့်မောရှေသည်မိမိ၏လက်ထောက် ယောရှုနှင့်အတူ အသင့်ပြင်၍တောင်တော် ပေါ်သို့တက်သွားလေသည်။-
မောရှေသည်သူ၏ယောက္ခမ မိဒျန်ယဇ်ပုရော ဟိတ်ယေသရော၏သိုးဆိတ်များကိုထိန်း ကျောင်းလျက်ရှိစဉ်၊ တောကန္တာရကိုဖြတ်၍ သိုးဆိတ်များကိုမောင်းနှင်လာရာ၊ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ရောက် ရှိလာလေ၏။-
လူသည်တယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။
ထ၍ဆင်းသွားလော့။ ငါပင်သူတို့ကိုစေလွှတ် လိုက်သည်ဖြစ်၍ မဆိုင်းမတွဘဲသူတို့နှင့် အတူလိုက်သွားလော့'' ဟုမိန့်တော်မူ၏။-