မောရှေသည်မိဒျန်ပြည်၌ရှိစဉ်၊ ထာဝရ ဘုရားသည် သူ့အား``အီဂျစ်ပြည်သို့ပြန် လော့။ သင့်ကိုသတ်လိုသူအပေါင်းတို့သည် အနိစ္စရောက်ကြကုန်ပြီ'' ဟုမိန့်တော်မူ၏။-
ထာ ဝ ရ ဘု ရား က လည်း၊ အိ ဂျစ် ပြည် သို့ ပြန် သွား လော့။ သင့် အ သက် အ န္တ ရာယ် ကို ရှာ ကြံ သူ အ ပေါင်း တို့ သေ ကြ လေ ပြီ ဟု မိဒျန် ပြည်၌ မော ရှေ အား မိန့် တော် မူ သော်၊
ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်သို့ပြန်သွားလော့။ သင်၏အသက်ကို ရှာသောသူအပေါင်းတို့သည်သေကြပြီဟု မိဒျန်ပြည်၌ မောရှေအားမိန့်တော်မူ၏။
ထာဝရဘုရားက “အီဂျစ်ပြည်သို့ပြန်သွားလော့။ အကြောင်းမူကား သင်၏အသက်ကိုရန်ရှာသောသူအပေါင်းတို့သည် သေလွန်ကြပြီ”ဟု မောရှေအား မိဒျန်ပြည်၌ မိန့်တော်မူ၏။
ဖာရောဘုရင်သည်ထိုသတင်းကိုကြားရသော အခါ မောရှေအားသတ်ရန်ကြံစည်လေ၏။ သို့ ရာတွင်မောရှေသည်ထွက်ပြေး၍မိဒျန်ပြည် ၌နေထိုင်လေ၏။ တစ်နေ့သ၌မောရှေသည်ရေတွင်းအနီး၌ထိုင် နေစဉ် မိဒျန်ပြည်၌နေထိုင်သောယဇ်ပုရောဟိတ် ယေသရော၏သမီးခုနစ်ယောက်တို့သည် ဖခင် ၏သိုးနှင့်ဆိတ်များအတွက်ရေတွင်းမှရေခပ် ပြီးလျှင် ရေသောက်ခွက်တွင်ရေဖြည့်ရန်လာ ကြ၏။-
ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
ကောင်းကင်တမန်က ``သင်သည်ထ၍သူငယ်တော် နှင့်မယ်တော်ကိုခေါ်ဆောင်ကာဣသရေလပြည်သို့ ပြန်သွားလော့။ သူငယ်တော်ကိုသတ်လိုသူတို့သည် သေလွန်ကြလေပြီ'' ဟုဆို၏။-