ထွက်မြောက် 37:1 - Common Language Bible ဗေဇလေလသည်အလျားလေးဆယ့်ငါး လက်မ၊ အနံနှစ်ဆယ့်ခုနစ်လက်မ၊ အမြင့် နှစ်ဆယ့်ခုနစ်လက်မရှိသောပဋိညာဉ် သေတ္တာတော်ကို၊ အကာရှသစ်သားဖြင့် ပြုလုပ်၏။- Garrad Bible ဗေ ဇ လေ လ သည် အ လျား နှစ် တောင့် ထွာ၊ အ နံ တစ် တောင့် ထွာ၊ အ မြင့် တစ် တောင့် ထွာ ရှိ သော သေ တ္တာ တော် ကို Judson Bible တစ်ဖန် ဗေဇလေလသည်၊ အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ၊ ဇောက်တစ်တောင်ထွာရှိသော သေတ္တာကို အကာရှသားနှင့်လုပ်၍၊ မြန်မာ့စံမီသမ္မာကျမ်း ဗေဇလေလသည် အလျားနှစ်တောင့်ထွာ၊ အနံတစ်တောင့်ထွာ၊ အမြင့်တစ်တောင့်ထွာရှိသောသေတ္တာကို အကေရှားသစ်သားဖြင့်လုပ်၍ |
ကန့်လန့်ကာကိုချိတ်ပြီးနောက်ကန့်လန့်ကာ နောက်တွင် ကျောက်ပြားနှစ်ပြားပါရှိသည့် ပဋိညာဉ်သေတ္တာကိုထားလော့။ ကန့်လန့်ကာ သည်သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံး ဌာနတော်တို့ကိုပိုင်းခြားထားမည်။-
သူတို့သည်ငါစံရာတဲတော်၊ ပဋိညာဉ်သေတ္တာ တော်နှင့်အဖုံး၊ တဲတော်ထဲရှိအသုံးအဆောင် တန်ဆာအားလုံး၊-
သေတ္တာတော်အတွင်းအပြင်ကိုရွှေချ၍၊ သေတ္တာတော်အနားပတ်လည်ကိုရွှေကွပ် ထား၏။-
တဲတော်တွင်ပညတ်တော်ဆယ်ပါးပါရှိ သောသေတ္တာတော်ကိုသွင်းထား၍၊ သေတ္တာ အရှေ့တွင်ကန့်လန့်ကာကို၊ ကာထားလော့။-
``သို့ဖြစ်၍ငါသည် အကာရှသစ်သားဖြင့် သေတ္တာတော်ကိုပြုလုပ်၍ ယခင်ကျောက်ပြား များနှင့်အလားတူကျောက်ပြားနှစ်ပြားကို ခုတ်ပြီးလျှင် ကျောက်ပြားများကိုယူဆောင် လျက်တောင်ပေါ်သို့တက်သွား၏။-
ထိုဌာနတော်တွင်နံ့သာပေါင်းကိုမီးရှို့ရာရွှေ ပလ္လင်နှင့်ရွှေဖြင့်မွမ်းမံထားသည့်ပဋိညာဉ်သေတ္တာ တော်ရှိ၏။ ထိုသေတ္တာတော်အတွင်း၌မန္နမုန့်ထည့် ထားသည့်ရွှေအိုး၊ အဖူးအညွှန့်ထွက်သည့်အာရုန် ၏လှံတံနှင့်ပညတ်တော်များရေးထားသည့် ကျောက်ပြားနှစ်ပြားရှိ၏။-