ကန့်လန့်ကာတစ်စုံစီ၏အပြင်ဘက်နားများ တွင် တပ်ရန်ပိတ်အပြာကွင်းများကိုပြုလုပ် ရမည်။-
ထွက်မြောက် 36:11 - Common Language Bible ကန့်လန့်ကာတစ်စပ်စီ၏အပြင်ဘက်အနား တပ်ရန်ပိတ်တွင်၊ အပြာကွင်းများကိုချုပ် ကြ၏။- Garrad Bible ငါး ထည် စပ် တင်း တိမ် ရံ နှစ် ထည် အ နား တစ် ဘက် စီ ၌ ကွင်း များ ကို ချည် ပြာ နှင့် လုပ် ၍ တပ် ၏။ Judson Bible ကုလားကာတစ်ထည် ပြင်ဘက်ကုလားကာနားချင်း ဆက်မီရာ၌ ကွင်းများကို ပြာသောအထည်နှင့်လုပ်၍၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်း ဆက်မီရာ၌လည်း ထိုအတူလုပ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း အပြာရောင်ချည်ဖြင့် ကွင်းများကိုလုပ်၍ ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင်တပ်၏။ နောက်ရွက်ထည်တစ်တွဲ၏အနားစွန်းတစ်လျှောက်တွင်လည်း ထို့အတူလုပ်၏။ |
ကန့်လန့်ကာတစ်စုံစီ၏အပြင်ဘက်နားများ တွင် တပ်ရန်ပိတ်အပြာကွင်းများကိုပြုလုပ် ရမည်။-
သူတို့သည်ကန့်လန့်ကာငါးထည်ကိုစပ် ၍ချုပ်၏။ အခြားငါးထည်ကိုလည်းထို အတိုင်းချုပ်ကြ၏။-
ပထမအစပ်၏ပထမကန့်လန့်ကာတွင် ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယအစပ် ၏နောက်ဆုံးကန့်လန့်ကာတွင်ကွင်းငါးဆယ် ကိုလည်းကောင်း၊ ကွင်းချင်းဆိုင်မိအောင်တပ် ကြ၏။-