ကျောက်မျက်ကိုသွေး၍စီချယ်သောအတတ်၊ သစ်သားပန်းပုထုသောအတတ်အစရှိ သည့်အနုပညာအတတ်အမျိုးမျိုးကို တတ်ကျွမ်းနားလည်နိုင်စွမ်းရှိပေသည်။-
ကျောက်ကိုထုဆစ်ပုံဖော်ခြင်း၊ သစ်သားကိုထွင်းထုပုံဖော်ခြင်းစသော လက်မှုအတတ်ပညာအမျိုးမျိုးတို့ကိုလည်း တတ်မြောက်၏။
သူသည် ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံအမျိုးမျိုး ဖော်လုပ်နိုင်သောအတတ်၊ ကျောက်မျက်တို့ ကိုသွေး၍စီခြယ်သောအတတ်၊ သစ်သား ပန်းပုထုသောအတတ်အစရှိသည့်အနု ပညာအတတ်အမျိုးမျိုးတို့ကိုကျွမ်းကျင် ပြောင်မြောက်စေခြင်းငှာ၊ ငါသည်သူ့အား အစွမ်းတန်ခိုးကိုပေးတော်မူပြီ။-
ထာဝရဘုရားသည်သူ့အားလည်းကောင်း၊ ဒန်အနွယ်မှအဟိသမက်၏သားအဟော လျဘအားလည်းကောင်း၊ မိမိတို့၏အတတ် ပညာကိုအခြားသူတို့အားသင်ပေးနိုင် စွမ်းပေးထားတော်မူ၏။-