ထွက်မြောက် 35:24 - Common Language Bible ငွေသို့မဟုတ်ကြေးဝါလှူနိုင်သူတို့ကထာဝရ ဘုရားအားထိုပစ္စည်းများကိုဆက်ကပ်ကြ၏။ အကာရှသစ်ရှိသူတို့က၊ ဆောက်လုပ်ရာ၌ အသုံးပြုရန်ထိုပစ္စည်းကိုဆက်ကပ်ကြ၏။- Garrad Bible ငွေ ကြေး ကို မြှောက် ဆက် လှူ ဒါန်း သော သူ တိုင်း ပင် ထာ ဝ ရ ဘု ရား အား အ လှူ ကို ဆက် ကပ်၏။ အ မှု တော် ကို ဆောင် ရွက် ရန် တော် လျော် သော ရှား သား ကို ပိုင် သူ တိုင်း လည်း ဆက် ကပ် ၏။ Judson Bible ငွေနှင့်ကြေးဝါကို လှူသောသူတိုင်း ထာဝရဘုရားအား လှူလေ၏။ အမှုတော်နှင့်ယှဉ်သော အလုပ်လုပ်စရာဖို့ အကာရှသစ်သားရှိသောသူတိုင်းလည်း ဆောင်ခဲ့လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ငွေနှင့်ကြေးနီဟူသောအလှူပစ္စည်းတို့ကို ပေးလှူပူဇော်နိုင်သောသူအပေါင်းတို့သည် ထိုအလှူပစ္စည်းတို့ကို ထာဝရဘုရားထံ ယူဆောင်လာကြ၏။ အကေရှားသစ်သားရှိသောသူအပေါင်းတို့သည်လည်း ဆောင်ရွက်စရာအလုပ်အမျိုးမျိုးတို့အတွက် ယူဆောင်လာကြ၏။ |
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချော၊ ဆိတ်မွေးထည်၊ အနီဆိုးသိုးထီးသား ရေ၊ သားရေချောပိုင်ရှင်အပေါင်းတို့သည်၊ ထို ပစ္စည်းများကိုယူဆောင်လာကြ၏။-
ချည်ငင်ကျွမ်းကျင်သူအမျိုးသမီးအပေါင်းသည်၊ သိုးမွေးချည်အပြာရောင်၊ ခရမ်းရောင်၊ အနီနှင့် ပိတ်ချောချည်၊ ဆိတ်မွေးချည်တို့ကိုဆက်ကပ် ကြ၏။-
သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။