ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။
ထွက်မြောက် 34:9 - Common Language Bible ``အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အားအကယ်ပင်နှစ်သက်ပါလျှင်အကျွန်ုပ် တို့နှင့်အတူကြွသွားတော်မူပါ။ ဤလူတို့ သည်ခေါင်းမာပါ၏။ သို့ရာတွင်အကျွန်ုပ်တို့ ၏ဒုစရိုက်အပြစ်ကိုလွှတ်လျက် အကျွန်ုပ်တို့ အားကိုယ်တော်၏လူမျိုးတော်အဖြစ်လက် ခံတော်မူပါ'' ဟုလျှောက်ထားလေ၏။ Garrad Bible အ ရှင် ဘု ရား၊ အ ကျွန်ုပ် သည် ရှေ့ တော်၌ မျက် နှာ သာ ရ ပါ လျှင် နှ လုံး ခဲ ယဉ်း သော လူ မျိုး ဖြစ် သော ကြောင့် အ ကျွန်ုပ် တို့ အ လယ် တွင် ကြွ တော် မူ ပါ။ အ ရှင် ဘု ရား၊ အ ကျွန်ုပ် တို့ ဒု စ ရိုက် အ ပြစ် များ ကို လွှတ်၍ အ ကျွန်ုပ် တို့ ကို ကိုယ် တော် ပိုင် သိမ်း ပိုက် တော် မူ ပါ ဟု တောင်း လျှောက် လျှင်၊ Judson Bible အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသောအမျိုး ဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကိုလွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာဖို့ သိမ်းယူတော်မူပါဟုလျှောက်လျှင်၊ မြန်မာ့စံမီသမ္မာကျမ်း “အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။ |
ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏အပြစ်တို့သည်များလှပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်၏ကတိတော်ကို တည်စေတော်မူလျက်ကျွန်တော်မျိုး၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏လူစုတော်အားကယ်တော်မူပါ။ ကိုယ်တော်ရှင်ပိုင်တော်မူသောသူတို့အား ကောင်းချီးပေးတော်မူပါ။ သူတို့အားသိုးထိန်းသဖွယ်ထာဝစဉ်ကြည့်ရှု စောင့်ရှောက်တော်မူပါ။
ထာဝရဘုရားအားဘုရားအဖြစ်နှင့်ကိုးကွယ် သော လူမျိုးသည်မင်္ဂလာရှိ၏။ ကိုယ်တော်၏လူစုတော်အဖြစ်ဖြင့် ရွေးချယ်တော်မူခြင်းကိုခံရသောလူတို့သည် မင်္ဂလာရှိကြ၏။
ကိုယ်တော်သည်မိမိ၏လူစုတော်အား အမျက်ထွက်တော်မူသဖြင့် သူတို့ကိုသတ်ဖြတ်ရန်ရန်သူတို့အား အခွင့် ပေးတော်မူ၏။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။
သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
မောရှေကထာဝရဘုရားအားလျှောက်ထား သည်မှာ``ကိုယ်တော်သည်အကျွန်ုပ်ကို၊ ဤသူ တို့အား ထိုသို့ပို့ဆောင်ရန်မိန့်တော်မူပြီ။ သို့ရာတွင်အကျွန်ုပ်နှင့်အတူမည်သူ့ကို စေလွှတ်မည်ဟူ၍မမိန့်ကြားခဲ့ပါ။ ကိုယ်တော် က`သင့်ကိုရင်းနှီးစွာငါသိ၏။ သင့်အား နှစ်သက်၏' ဟုမိန့်တော်မူပါသည်။-
ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
သင်တို့သည်သံကဲ့သို့တင်းမာလျက်၊ ကြေးဝါကဲ့သို့မာကြောလျက်၊ခေါင်းမာ နေကြလိမ့်မည်ကိုငါသိ၏။
ယာကုပ်၏ဘုရားသခင်ကားရုပ်တုများ ကဲ့သို့မဟုတ်။ ကိုယ်တော်သည်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၍၊ ဣသရေလအမျိုးသားတို့ကိုမိမိကိုယ်ပိုင် လူမျိုးတော်အဖြစ်ရွေးချယ်ထားတော်မူ လေပြီ။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုးရှင် ထာဝရဘုရားပေတည်း။
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
တစ်ဖန်တုံယုဒနယ်သည်သန့်ရှင်းမြင့်မြတ် သည့်ပြည်တော်တွင်ထာဝရဘုရား၏အထူး ပိုင်နက်ဖြစ်လာရလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်းကိုယ်တော်အမြတ်နိုးဆုံးသော မြို့ဖြစ်လိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည်ဤသူ တို့အီဂျစ်ပြည်မှထွက်ခွာလာချိန်မှ ယနေ့ အထိသူတို့ကူးလွန်ခဲ့သောအပြစ်များ ကိုဖြေလွှတ်တော်မူခဲ့သည့်နည်းတူ ကိုယ်တော် ၏ကြီးမားသောမေတ္တာကရုဏာတော်နှင့် အညီ ယခုလည်းသူတို့ပြုမိသောအပြစ် များကိုဖြေလွှတ်တော်မူရန်အကျွန်ုပ် တောင်းလျှောက်ပါ၏'' ဟုဆုတောင်းလေ သည်။
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
သို့ရာတွင်ကိုယ်တော်သည်ယာကုပ်၏ အဆက်အနွယ်တို့ကို မိမိအတွက်ရွေးချယ်တော်မူ၏။
သင်တို့သည်ကားမီးပြင်းဖိုသဖွယ်ဖြစ် သောအီဂျစ်ပြည်ထဲမှ ထာဝရဘုရားထုတ် ဆောင်ခဲ့သောလူမျိုးဖြစ်၏။ ကိုယ်တော်၏လူ မျိုးတော်ဖြစ်စေရန် သင်တို့ကိုထုတ်ဆောင်ခဲ့ တော်မူ၏။ သို့ဖြစ်၍သင်တို့သည်ကိုယ်တော် ၏လူမျိုးတော်အဖြစ် ယနေ့ရပ်တည်လျက် ရှိကြသည်။-
သင်တို့သည်ထာဝရဘုရားအားပြစ်မှား၍ အမျက်တော်ထွက်စေသောကြောင့် ငါသည်တစ်ဖန် ထာဝရဘုရား၏ရှေ့တော်၌ရက်ပေါင်းလေး ဆယ်ပတ်လုံး မစားမသောက်ဘဲပျပ်ဝပ်လျက် နေခဲ့၏။-
ငါက`အရှင်ထာဝရဘုရား၊ ကိုယ်တော်၏မဟာ တန်ခိုးတော်နှင့်လက်ရုံးတော်အားဖြင့် အီဂျစ် ပြည်မှကယ်တင်ထုတ်ဆောင်ခဲ့သောကိုယ်တော် ၏လူမျိုးတော်ကို သုတ်သင်ဖျက်ဆီးတော် မမူပါနှင့်။-
စင်စစ်အားဖြင့်သူတို့သည်ကိုယ်တော်၏လူ မျိုးတော်အဖြစ်ရွေးချယ်၍ အီဂျစ်ပြည်မှ ကိုယ်တော်၏မဟာတန်ခိုးတော်နှင့်လက်ရုံး တော်အားဖြင့် ထုတ်ဆောင်တော်မူခဲ့သူများ ပင်ဖြစ်ကြပါသည်' ဟုတောင်းပန်လျှောက် ထားခဲ့၏။''