ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ထွက်မြောက် 33:1 - Common Language Bible ထာဝရဘုရားသည်မောရှေအား ``သင်သည် အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသူတို့နှင့် အတူ ဤအရပ်မှထွက်၍၊ ငါသည်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်သူတို့၏အဆက်အနွယ် တို့အားပေးမည်ဟုကတိထားခဲ့သော ပြည်သို့သွားလော့။- Garrad Bible တစ် ဖန် ထာ ဝ ရ ဘု ရား က၊ အ မျိုး အ နွယ် အား ပေး မည် ဟူ၍ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ နှင့် ငါ သ စ္စာ ဆို ခဲ့ သော ပြည် သို့ သင် နှင့် တ ကွ အိ ဂျစ် ပြည် မှ ဆောင် ခဲ့ သော လူ မျိုး ပါ ဤ အ ရပ် မှ ထွက် သွား ကြ လော့။ Judson Bible တစ်ဖန် ထာဝရဘုရားက၊ သင်မှစ၍ အဲဂုတ္တုပြည်မှ သင်နုတ်ဆောင်ခဲ့သောလူတို့၊ ဤအရပ်မှထွက်၍ သင်၏အမျိုးအနွယ်အားငါပေးမည်ဟု အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၌ ငါကျိန်ဆိုသောပြည်သို့ သွားကြလော့။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်နှင့် အီဂျစ်ပြည်မှသင်ထုတ်ဆောင်ခဲ့သောလူတို့ ဤနေရာမှထွက်၍ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အား ‘ထိုပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ထိုပြည်သို့ သွားကြလော့။ |
ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊-
ထိုပြည်တွင်အာဗြဟံလက်ထက်ကကဲ့သို့ အစာခေါင်းပါးခြင်းကပ်ဆိုက်ရောက်လာရာ ဣဇာက်သည်ဖိလိတ္တိဘုရင်အဘိမလက် နန်းစိုက်ရာဂေရာမြို့သို့သွားလေ၏။-
ယခုဤပြည်၌နေလော့။ ငါသည်သင်နှင့် အတူရှိ၍ကောင်းချီးပေးမည်။ ဤဒေသအား လုံးကိုသင်နှင့်သင်၏အဆက်အနွယ်တို့အား ငါပေးမည်။ သင်၏အဖအာဗြဟံအားငါ ထားသောကတိအတိုင်းငါပြုမည်။-
ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-
သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။
မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။
ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
ယခုသွား၍သင့်အားငါမိန့်မှာပြီးသော အရပ်သို့သူတို့ကိုပို့ဆောင်လော့။ ငါ၏ကောင်း ကင်တမန်သည် သင့်အားလမ်းပြမည်။ သို့ရာ တွင်ဤသူတို့၏အပြစ်အတွက်ငါဒဏ်စီရင် မည့်အချိန်ကျရောက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။
ထာဝရဘုရားကမောရှေအား ``တောင်အောက် သို့အမြန်ဆင်းလော့။ အီဂျစ်ပြည်မှသင်ထုတ် ဆောင်ခဲ့သောသင်၏လူတို့သည်ငါ့ကိုစွန့်ပယ် ကြပြီ။-
အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက်သန်သောထိုပြည်ကို သင်တို့ပိုင်ဆိုင်ရန်ငါပေးမည်ဟုကတိထားသည့်အတိုင်းငါပြုမည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၍ သင်တို့သည်အခြားလူမျိုးများနှင့်မတူငါသီးသန့်ရွေးချယ်ထားသောလူမျိုးဖြစ်၏။-
အကျွန်ုပ်သည်သူတို့ကိုဝမ်းနှင့်လွယ်၍မွေး ထုတ်ရသူဖြစ်ပါသလော။ ကိုယ်တော်သည်သူ တို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထား တော်မူသောပြည်သို့သွားရာလမ်းတစ်လျှောက် လုံးတွင် အဘယ်ကြောင့်အကျွန်ုပ်အားကလေး ထိန်းသဖွယ်သူတို့ကိုပိုက်ချီဆောင်ယူသွား စေပါသနည်း။-
သူသည်အီဂျစ်ပြည်နှင့်ပင်လယ်နီတွင်လည်း ကောင်း၊ အနှစ်လေးဆယ်ပတ်လုံးတောကန္တာရ တွင်လည်းကောင်း အံ့သြဖွယ်ရာနိမိတ်လက္ခ ဏာများကိုပြလျက် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာ သူဖြစ်၏။-
သင်တို့၏ဘိုးဘေးများဖြစ်ကြသောအာဗြ ဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍သူတို့၏အဆက် အနွယ်တို့အား ဤဒေသအားလုံးကိုပေး မည်ဟု ငါထာဝရဘုရားကတိထားတော် မူခဲ့သည်။ သင်တို့သွား၍သိမ်းယူကြလော့' ဟူ၍မိန့်တော်မူသည်'' ဟုဆို၏။