ထိုအခါလူယောကျာ်းက``ကိုယ်တော်ဥယျာဉ်ထဲ ၌ကြွလာတော်မူသောအသံကိုကြားရ၍ အဝတ်အချည်းစည်းရှိသောကြောင့်ကြောက် ၍ပုန်းနေပါသည်'' ဟုလျှောက်လေ၏။
ထွက်မြောက် 32:25 - Common Language Bible ဣသရေလအမျိုးသားတို့သည်၊ ပတ်ဝန်း ကျင်၌ရန်သူများကဲ့ရဲ့စရာဖြစ်လျက်၊ အာရုန်၏အားပေးမှုဖြင့်စည်းကမ်းမဲ့ ကခုန်မြူးထူးနေသည်ကို၊ မောရှေမြင်ရ၏။- Garrad Bible အာ ရုန် သည် လူ မျိုး ကို ရန် ဘက် ပြု သူ တို့ ရှေ့ မှောက် ၌ ကဲ့ ရဲ့ ဖွယ် ရောက် အောင် ဖ ရို ဖ ရဲ ဖြစ် စေ မည့် အ ကြောင်း ကို မော ရှေ မြင် သော အ ခါ၊ Judson Bible ထိုသို့ အာရုန်သည်လူများကို ရန်သူတို့ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာအချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ၊ မြန်မာ့စံမီသမ္မာကျမ်း အာရုန်ကြောင့် ထိုသူတို့သည် ရန်သူတို့ကဲ့ရဲ့စရာဖြစ်အောင် အထိန်းအကွပ်မရှိပြုမူကြ၏။ ထိုသို့အထိန်းအကွပ်မရှိပြုမူနေကြသောလူတို့ကို မောရှေတွေ့မြင်သောအခါ |
ထိုအခါလူယောကျာ်းက``ကိုယ်တော်ဥယျာဉ်ထဲ ၌ကြွလာတော်မူသောအသံကိုကြားရ၍ အဝတ်အချည်းစည်းရှိသောကြောင့်ကြောက် ၍ပုန်းနေပါသည်'' ဟုလျှောက်လေ၏။
ယင်းသို့တွေးတောပြီးနောက် ယေရောဗောင်သည် ရွှေနွားလားဥသဘရုပ်နှစ်ကောင်ကိုသွန်း လုပ်၍ပြည်သူတို့အား``သင်တို့သည်ကိုးကွယ် ဝတ်ပြုရန်အတွက် ယေရုရှလင်မြို့သို့သွားရ ကြသည်မှာကာလအတော်ကြာပြီ။ အို ဣသ ရေလပြည်သူတို့၊ သင်တို့အားအီဂျစ်ပြည် မှထုတ်ဆောင်လာတော်မူသောဘုရားများ ကားဤဘုရားများပင်တည်း'' ဟုမိန့်တော် မူ၏။-
ယေရောဗောင်သည်အပြစ်ကူး၍ဣသရေလ ပြည်သူတို့အားလည်း အပြစ်ကူးရန်ရှေ့ဆောင် လမ်းပြသူဖြစ်သောကြောင့် ထာဝရဘုရားသည် ဣသရေလပြည်ကိုဒဏ်ခတ်တော်မူလိမ့်မည်'' ဟု ဆို၏။
ယုဒဘုရင်အာခတ်သည်ပြည်သူတို့အား အခွင့်အရေးများဆုံးရှုံးစေလျက် ထာဝရ ဘုရားကိုသစ္စာဖောက်သဖြင့်ထာဝရဘုရား သည် ယုဒပြည်ကိုဒုက္ခရောက်စေတော်မူ၏။-
ထို့ကြောင့်သူသည်စခန်းပေါက်ဝတွင်ရပ် လျက်``ထာဝရဘုရား၏ဘက်တော်သားဖြစ် သူတို့၊ ငါ့ထံသို့လာကြလော့'' ဟုအော်ဟစ် ဖိတ်ခေါ်လေ၏။ ထိုအခါလေဝိအမျိုးသား အပေါင်းတို့သည်မောရှေထံသို့စုရုံးလာ ကြသောအခါ၊-
ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ၏။
သင်သည်ရှုတ်ချခြင်းကိုခံရကာအရှက်ကွဲ လျက် အဝတ်အချည်းစည်းဖြစ်၍နေသည်ကို လူတို့တွေ့မြင်ကြလိမ့်မည်။ ငါသည်သင့်အားလက်စားချေမည်။ ငါ့ကိုအဘယ်သူမျှဆီးတားရလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူ၏။
ငါသည်တန်ခိုးအာဏာရှိသူတို့ထံသွား၍သူတို့အားပြောဆိုမည်။ သူတို့သည်အမှန်ပင်ထာဝရဘုရား၏အလိုတော်ကိုသိရှိကြရာ၏။ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့် စည်းမျဉ်းဥပဒေသတော်တို့ကိုသိရှိကြရာ၏'' ဟုတွေးတောမိ၏။ သို့ရာတွင်သူတို့အားလုံးပင်ထာဝရဘုရား၏ထမ်းပိုးကိုချိုးလျက် နှောင်ကြိုးများကိုလည်းဖြတ်ကြလေပြီ။
သင်ပြုခဲ့သမျှသောအမှားတို့ကိုငါခွင့် လွှတ်သောအခါ သင်သည်ယင်းအမှားတို့ ကိုသတိရလျက်ရှက်သဖြင့် နှုတ်ကိုပင် မဖွင့်နိုင်သည်တိုင်အောင်အရှက်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
သေလွန်သူအမြောက်အမြားတို့သည်ပြန် ၍ အသက်ရှင်လာကြလိမ့်မည်။ ထိုသူတို့ အနက်အချို့သောသူတို့သည်ထာဝရ အသက်ကိုခံစားရကြလိမ့်မည်။ အချို့ တို့မှာမူထာဝရအသရေပျက်ခြင်း ကိုခံစားရကြလိမ့်မည်။-
ထိုအကျင့်များကိုမစွန့်လျှင်ငါသည်သူ၏ အဝတ်ကိုချွတ်၍ သူမွေးသည့်နေ့ကကဲ့သို့ အဝတ်အချည်းစည်းရှိစေမည်၊ သူ့အားသွေ့ ခြောက်၍အသုံးမကျသောလွင်ပြင်ကဲ့သို့ ဖြစ်စေသဖြင့် သူသည်ရေငတ်၍အသက် ဆုံးရလိမ့်မည်။-
ရှဖိရမြို့သားတို့၊ အဝတ်အချည်းစည်း ဖြင့်အရှက်ကွဲလျက်သုံ့ပန်းအဖြစ်ရောက် ကြလော့။ ဇာနန်မြို့သားတို့သည်မြို့ပြင် သို့မထွက်ဝံ့ကြ။ ဗေသဇေလမြို့သား တို့ငိုကြွေးသံကိုသင်တို့ကြားရသော အခါ ထိုမြို့တွင်သင်တို့ခိုလှုံနိုင်မည် မဟုတ်ကြောင်းသိရလိမ့်မည်။-
ထိုစဉ်အခါကသင်တို့ပြုကျင့်ခဲ့သောအမှု များသည်မည်သည့်အကျိုးကိုမျှမပေးခဲ့။ သင် တို့ကိုသာသေစေခဲ့၏။ ယခုအခါသင်တို့ သည်ထိုအမှုများအတွက်ရှက်ကြောက်လျက် နေကြ၏။-
ထာဝရဘုရားသည်အာရုန်ကိုလည်းအမျက် တော်ထွက်သဖြင့် အဆုံးစီရင်ရန်အကြံတော် ရှိ၏။ ထို့ကြောင့်ငါသည် အာရုန်အတွက်ကို လည်းတောင်းပန်လျှောက်ထား၏။-
``ငါသည်သူခိုးလာသကဲ့သို့အမှတ်မထင် လာမည်။ သို့ဖြစ်၍အဝတ်အချည်းစည်းနှင့် သွားလာ၍လူတို့၏ရှေ့၌အရှက်မရစေ ရန်နိုးလျက်နေ၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည်မင်္ဂလာရှိ၏။