ထိုပလ္လင်ပေါ်တွင်ကား၊ တားမြစ်ထားသော နံ့သာကိုမပူဇော်ရ။ ယဇ်ကောင်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မပူဇော်ရ။ စပျစ်ရည်ပူဇော်သကာကို လည်း၊ မသွန်းလောင်းရ။-
ထို ပ လ္လင် တော် ပေါ် တွင် နံ့ သာ ပေါင်း တစ် မျိုး ကို လည်း ကောင်း၊ မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ၊ သွန်း လောင်း ရာ သ က္ကာ များ ကို လည်း ကောင်း၊ မ ဆက် မ ကပ် ကြ ရ။
ထိုပလ္လင်ပေါ်မှာထူးခြားသော နံ့သာပေါင်းကို မရှို့ရ။ မီးရှို့သောယဇ်ကို မပြုရ။ ဘောဇဉ်ပူဇော်သကာကိုလည်း မပြုရ။ သွန်းလောင်းရာ ပူဇော်သကာကိုလည်း မပြုရ။
ထိုယဇ်ပလ္လင်ပေါ်၌ အခြားသောနံ့သာပေါင်းကို မပူဇော်ရ။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကိုလည်း မပူဇော်ရ။ သွန်းလောင်းရာပူဇော်သက္ကာကိုလည်း မသွန်းလောင်းရ။
``အာရုန်သည်တစ်နှစ်လျှင်တစ်ကြိမ်အပြစ် ဖြေရာယဇ်ကောင်၏အသွေးဖြင့်၊ ပလ္လင်၏ ထောင့်ချွန်အတက်လေးခုကိုသုတ်လိမ်း၍၊ ပလ္လင်ကိုသန့်ရှင်းစေရမည်။ သင်၏အမျိုး အစဉ်အဆက်တို့သည်ထိုဝတ်ကိုနှစ်စဉ် အမြဲပြုရမည်။ ထိုပလ္လင်သည်ငါထာဝရ ဘုရားအတွက်ဆက်ကပ်သော၊ အလွန် သန့်ရှင်းသောပလ္လင်ဖြစ်သတည်း။''
ညဦးယံတွင်သူသည်မီးခွက်များကိုထွန်း သောအခါ၌လည်း နံ့သာပေါင်းကိုမီးရှို့ ပူဇော်ရမည်။ သင်၏အမျိုးအစဉ်အဆက် တို့သည်နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှု ကိုထာဝရဘုရား၏ရှေ့တော်တွင်မပြတ် မလပ်ပြုလုပ်ရမည်။-
အာရုန်၏သားများဖြစ်ကြသောနာဒပ်နှင့် အဘိဟုတို့သည် မိမိတို့တစ်ဦးစီနှင့်ဆိုင်ရာ မီးကျီးခံလင်ပန်းကိုယူ၍မီးသွေးမီးထည့် ပြီးလျှင် နံ့သာကိုဖြူးလျက်ထာဝရဘုရား အားပူဇော်ကြ၏။ သို့ရာတွင်ယင်းသို့ပူဇော် ရန်ထာဝရဘုရားကသူတို့အားအမိန့် မပေးသောကြောင့် ထိုမီးသည်သန့်ရှင်းသော မီးမဟုတ်၊-