သေတ္တာကိုသယ်ဆောင်ရန်ရွှေကွင်းလေးကွင်းကို သွန်းလုပ်၍၊ ခြေလေးထောင့်တွင်တစ်ဘက်လျှင် နှစ်ကွင်းစီတပ်ထားရမည်။-
ထွက်မြောက် 30:4 - Common Language Bible ပလ္လင်တော်၏ဘေးနှစ်ဘက်အနားအောက်တွင် ထမ်းပိုးများလျှိုရန်ရွှေကွင်းနှစ်ကွင်းတပ် ဆင်ရမည်။- Garrad Bible ပ လ္လင် တော် ဘေး တစ် ဘက် တစ် ချက် ၌၊ ပြော့ ကြောင်း အောက်၊ ရွှေ နှစ် ကွင်း ကို လုပ် လျက်၊ ပ လ္လင် တော် ထမ်း ရန် ထမ်း ပိုး ပေါက် ဖြစ် စေ ပြီး လျှင်၊ Judson Bible ရွှေတန်ဆာအောက်၊ ပလ္လင်တစ်ဖက်တစ်ချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကိုလုပ်၍၊ ပလ္လင်ထမ်းစရာထမ်းပိုးနေရာ ဖြစ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ရွှေဖြင့်ခြယ်လှယ်ထားသောအပိုင်း၏အောက်နား၊ ယဇ်ပလ္လင်ဘေးနှစ်ဖက် တစ်ဖက်တစ်ချက်တွင် ရွှေကွင်းနှစ်ကွင်းကိုတပ်ရမည်။ ထိုကွင်းတို့သည် ယဇ်ပလ္လင်ထမ်းရန် ထမ်းပိုးများလျှိုစရာဖြစ်ရမည်။ |
သေတ္တာကိုသယ်ဆောင်ရန်ရွှေကွင်းလေးကွင်းကို သွန်းလုပ်၍၊ ခြေလေးထောင့်တွင်တစ်ဘက်လျှင် နှစ်ကွင်းစီတပ်ထားရမည်။-
သေတ္တာကိုသယ်ဆောင်ရန်ထမ်းပိုးများကိုသေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။-
ဘောင်ခွေများကိုရွှေချရမည်။ ကန့်လန့်ကျင်များ ကိုလည်းရွှေချရမည်။ ကန့်လန့်ကျင်များကို လျှိုရန်ရွှေကွင်းများတပ်ထားရမည်။-
ပလ္လင်အတွက်ကြေးဝါဆန်ခါကိုလည်းပြုလုပ် ရမည်။ ထိုဆန်ခါထောင့်လေးထောင့်တွင်ကြေးဝါ ကွင်းလေးကွင်းတပ်ဆင်ရမည်။-
ယဇ်ပလ္လင်ကိုသယ်ဆောင်ရန်ထမ်းပိုးများကို တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။-
ပလ္လင်တော်မျက်နှာပြင်၊ ဘေးပတ်လည်၊ ထောင့်ချွန် အတက်များကိုရွှေချရမည်။ ပလ္လင်အပေါ်နား ပတ်လည်တွင်ရွှေကွပ်ရမည်။-