ထွက်မြောက် 30:32 - Common Language Bible ထိုဆီကိုသာမန်လူတို့၏ကိုယ်ခန္ဓာပေါ်သို့ မသွန်းလောင်းရ။ ထိုဆီနှင့်တူသောဆီမျိုး ကိုမဖော်စပ်ရ။ ထိုဆီသည်သန့်ရှင်းသည် ဖြစ်၍၊ သန့်ရှင်းသောဆီအဖြစ်လက်ခံရ မည်။- Garrad Bible မည် သူ့ ကိုယ် ကို မျှ မ လူး ရ။ ထို ဆီ နိဿ ရည်း အ တိုင်း မ ဖော် ရ။ သီး သန့် သည် နှင့် အ ညီ၊ သီး သန့် သည် ဟု မှတ် ထား ကြ ရ မည်။ Judson Bible လူ၏ကိုယ်ပေါ်မှာ မလောင်းရ။ ထိုဆီကိုဖော်သည်နည်းတူ၊ အခြားသောဆီကို မဖော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည်မှတ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုဆီကို လူ၏ကိုယ်ခန္ဓာ၌ မလိမ်းရ။ ထိုဆီဖော်စပ်နည်းအတိုင်း အခြားဆီကို မဖော်စပ်ရ။ ဤဆီသည် သန့်ရှင်း၏။ သင်တို့အဖို့လည်း သန့်ရှင်းသောဆီဖြစ်ရမည်။ |
ဣသရေလအမျိုးသားတို့အားဤသို့ ဆင့်ဆိုလော့။ ငါ၏အမှုတော်ကိုထမ်းရန် ဘိသိက်ပေးရာ၌၊ သင်တို့၏သားစဉ်မြေး ဆက်တို့သည်ဤသန့်ရှင်းသောဆီကိုအသုံး ပြုရမည်။-
ယဇ်ပုရောဟိတ်မင်းသည်ဦးခေါင်းပေါ်တွင် ဆီလောင်း၍ ဘိသိက်ခံလျက်ယဇ်ပုရောဟိတ် ဝတ်စုံကိုဝတ်ဆင်ထားသူဖြစ်သောကြောင့် ဝမ်းနည်းသည့်အနေဖြင့် မိမိဆံပင်ကို ဖားလျားမချရ။ မိမိ၏အဝတ်ကိုလည်း မဆုတ်မဖြဲရ။-
``မွန်မြတ်သောအရာကိုခွေးတို့အားမပေးကြနှင့်။ သို့ပြုပါမူသူတို့သည်လှည့်၍သင်တို့အားကိုက် လိမ့်မည်။ ပုလဲရတနာများကိုဝက်တို့ရှေ့မှာ မချထားကြနှင့်။ သို့ပြုပါမူသူတို့သည် ထို အရာတို့ကိုကျော်နင်းသွားကြလိမ့်မည်။