ဟိရံသည်အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့် ငါးပေ၊ အဝန်းလေးဆယ့်ငါးပေရှိသောကြေး ဝါရေကန်ဝိုင်းကိုသွန်းလုပ်၏။-
ထွက်မြောက် 30:18 - Common Language Bible ``ကြေးဝါအောက်ခြေခံသောကြေးဝါအင် တုံကိုပြုလုပ်လော့။ ထိုအင်တုံကိုရေဖြည့်၍၊ ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်အကြားတွင် ထားလော့။- Garrad Bible အာ ရုန် နှင့် သား တို့ လက် ခြေ ဆေး ရန်၊ ကြေး အောက် ခြေ ပါ သော ကြေး အင် တုံ ကို လုပ်၍ တွေ့ ဆုံ ရာ တဲ တော် နှင့် ပူ ဇော် ရာ ပ လ္လင် တော် ကြား တွင် ထား ပြီး လျှင် ရေ ထည့် လော့။ Judson Bible အာရုန်နှင့် သူ၏သားတို့လက်ခြေဆေးစရာဖို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကိုလုပ်၍၊ ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌ ထားရမည်။ မြန်မာ့စံမီသမ္မာကျမ်း “ခြေလက်ဆေးကြောရန် ကြေးနီခြေတိုင်ပါသော ကြေးနီအင်တုံကိုလုပ်ရမည်။ ထိုအင်တုံကို တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်ကြား၌ထား၍ ရေထည့်ထားရမည်။ |
ဟိရံသည်အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့် ငါးပေ၊ အဝန်းလေးဆယ့်ငါးပေရှိသောကြေး ဝါရေကန်ဝိုင်းကိုသွန်းလုပ်၏။-
ဟိရံသည်လှည်းတစ်စီးလျှင်အင်တုံတစ်လုံး ကျဖြင့် အင်တုံဆယ်လုံးကိုလည်းသွန်းလုပ်၏။ အင်တုံတစ်လုံးလျှင်အချင်းခြောက်ပေရှိ၍ ဂါလံနှစ်ရာဝင်လေသည်။-
အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့်ငါးပေ၊ လုံးပတ်လေးဆယ့်ငါးပေရှိသောကြေးဝါ ရေကန်ကိုလည်းပြုလုပ်စေတော်မူ၏။-
သူတို့သည်ဗိမာန်တော်တောင်ဘက်တွင်ငါးလုံး နှင့်မြောက်ဘက်တွင် ငါးလုံးထားရှိရန်အင်တုံ ဆယ်လုံးကိုလည်းပြုလုပ်လေသည်။ ထိုအင်တုံ တို့သည်မီးရှို့ပူဇော်ရာယဇ်ကောင်များ၏ အစိတ်အပိုင်းတို့ကိုဆေးကြောရန်အတွက် ဖြစ်၏။ ရေကန်မူကားယဇ်ပုရောဟိတ်တို့ ဆေးကြောရန်အတွက်ဖြစ်လေသည်။
မီးရှို့ရာယဇ်ပူဇော်ရာပလ္လင်နှင့်သက်ဆိုင် ရာပစ္စည်းအားလုံး၊ အင်တုံနှင့်အောက်ခြေခံ၊-
သူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝတွင် တာဝန်ကျသောအမျိုး သမီးတို့၏ကြေးမုံများဖြင့်၊ ကြေးဝါ အင်တုံနှင့်အောက်ခံကိုပြုလုပ်၏။
အင်တုံကိုထာဝရဘုရားစံတော်မူရာတဲ တော်နှင့် ယဇ်ပလ္လင်စပ်ကြားတွင်ထား၍၊ အင်တုံ ၌ရေဖြည့်လော့။-
ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော် ခြင်းအမှုထက်၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစား လော့။ လူမိုက်တို့သည် ကိုယ်အပြစ် ကိုမဆင်ခြင်တတ် ကြ။
ထိုနောက်မောရှေသည်ဆီအနည်းငယ်ကို ယူပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်ဆိုင်ရာပစ္စည်း တန်ဆာတို့ကိုလည်းကောင်း၊ အင်တုံနှင့်၎င်း ၏အောက်ခြေကိုလည်းကောင်းခုနစ်ကြိမ် ဖျန်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
ထာဝရဘုရားက``ထိုအချိန်ကျရောက် လာသောအခါ ဒါဝိဒ်၏သားစဉ်မြေးဆက် များနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား မိမိတို့၏အပြစ်များနှင့်ရုပ်တု ကိုးကွယ်မှုမှသန့်စင်စိမ့်သောငှာစမ်း ရေပေါက်ဖွင့်လျက်လာလိမ့်မည်။-
ငါတို့သည်ကယ်တင်ခြင်းကိုခံရကြပေ သည်။ ဤသို့ကယ်တင်ခြင်းခံရသည်မှာငါ တို့ကိုယ်တိုင်ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်။ ကိုယ်တော်သည်မိမိ၏ ကရုဏာတော်နှင့်အညီသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ငါတို့အားအသစ်သောမွေး ခြင်းနှင့်ဘဝသစ်ကိုဆေးကြောခြင်းဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။-
သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။