အဒေါနိယသည်ရှောလမုန်ကိုလွန်စွာ ကြောက်သောကြောင့် ထာဝရဘုရားစံတော် မူရာတဲတော်သို့သွား၍ယဇ်ပလ္လင်ထောင့် စွယ်များ ကိုဆုပ်ကိုင်ထားပြီးလျှင်၊-
ထွက်မြောက် 30:10 - Common Language Bible ``အာရုန်သည်တစ်နှစ်လျှင်တစ်ကြိမ်အပြစ် ဖြေရာယဇ်ကောင်၏အသွေးဖြင့်၊ ပလ္လင်၏ ထောင့်ချွန်အတက်လေးခုကိုသုတ်လိမ်း၍၊ ပလ္လင်ကိုသန့်ရှင်းစေရမည်။ သင်၏အမျိုး အစဉ်အဆက်တို့သည်ထိုဝတ်ကိုနှစ်စဉ် အမြဲပြုရမည်။ ထိုပလ္လင်သည်ငါထာဝရ ဘုရားအတွက်ဆက်ကပ်သော၊ အလွန် သန့်ရှင်းသောပလ္လင်ဖြစ်သတည်း။'' Garrad Bible အာ ရုန် သည် သင် တို့ အ မျိုး အ စဉ် အ ဆက် မ ပြတ် ပ လ္လင် တော် ပြစ် အ ဖို့၊ တစ် နှစ် လျှင် တစ် ကြိမ် အ ပြစ် ဖြေ ရာ သ က္ကာ၏ အ သွေး ဖြင့်၊ ပ လ္လင် တော် စိန် တောင် များ၌ ဖြစ် စေ၊ ငါ ထာ ဝ ရ ဘု ရား အ ဖို့ အ ထူး သီး သန့် သည် ဟု မိန့် တော် မူ ၏။ Judson Bible အာရုန်သည် တစ်နှစ်တစ်ခါ အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်းမင်္ဂလာကို ပြုရမည်။ သင်တို့သားစဉ်မြေးဆက်တို့သည် တစ်နှစ်တစ်ခါ ထိုသို့ပြုရကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။ မြန်မာ့စံမီသမ္မာကျမ်း အာရုန်သည် အပြစ်ဖြေလွှတ်ခြင်းနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ကောင်၏သွေးဖြင့် ယဇ်ပလ္လင်၏ချိုပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို တစ်နှစ်တစ်ကြိမ်ပြုရမည်။ ထိုသို့ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် တစ်နှစ်တစ်ကြိမ်ပြုရမည်။ ယဇ်ပလ္လင်သည် ထာဝရဘုရားအဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏”ဟု မိန့်တော်မူ၏။ |
အဒေါနိယသည်ရှောလမုန်ကိုလွန်စွာ ကြောက်သောကြောင့် ထာဝရဘုရားစံတော် မူရာတဲတော်သို့သွား၍ယဇ်ပလ္လင်ထောင့် စွယ်များ ကိုဆုပ်ကိုင်ထားပြီးလျှင်၊-
အာရုန်နှင့်သူ၏သားမြေးတို့သည်နံ့သာ ပေါင်းကိုမီးရှို့ရာပူဇော်သကာနှင့် ပလ္လင်ပေါ် တွင်တင်၍မီးရှို့ရာယဇ်ကိုပူဇော်ဆက်သ ရကြ၏။ သူတို့သည်အလွန်သန့်ရှင်းရာ ဌာနတော်၌ကိုးကွယ်ဝတ်ပြုမှုမှန်သမျှ ကိုလည်းကောင်း၊ ဣသရေလအမျိုးသား တို့၏အပြစ်ဖြေရာယဇ်ပူဇော်မှုများ ကိုလည်းကောင်း၊ တာဝန်ယူ၍ဆောင်ရွက် ရကြ၏။ ယင်းသို့ဆောင်ရွက်ရာ၌သူတို့ သည်ဘုရားသခင်၏အစေခံဖြစ်သူ မောရှေဆင့်ဆိုညွှန်ကြားခဲ့သည့်အတိုင်း လိုက်နာကျင့်သုံးရကြပေသည်။-
ထိုပလ္လင်ပေါ်တွင်ကား၊ တားမြစ်ထားသော နံ့သာကိုမပူဇော်ရ။ ယဇ်ကောင်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မပူဇော်ရ။ စပျစ်ရည်ပူဇော်သကာကို လည်း၊ မသွန်းလောင်းရ။-
ဤနည်းအားဖြင့်အာရုန်သည် ဣသရေလ အမျိုးသားတို့၏မသန့်စင်ခြင်းနှင့်အပြစ် အမျိုးမျိုးတို့ကြောင့် အလွန်သန့်ရှင်းရာဌာန တော်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင်ရွက်ရ မည်။ တဲတော်သည်မသန့်စင်သောစခန်းအလယ် တွင်တည်ရှိသဖြင့် တဲတော်အတွက်သန့်စင် ခြင်းဝတ်ကိုဆောင်ရွက်ရမည်။-
မီးရှို့ရာယဇ်ပလ္လင်သို့ထွက်လာ၍ ထိုပလ္လင် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။ သူ သည်နွား၏သွေးနှင့်ဆိတ်၏သွေးအနည်း ငယ်စီကိုယူ၍ ယဇ်ပလ္လင်ထောင့်အတက် များတွင်သုတ်လိမ်းရမည်။-
``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။-
တဲတော်အတွင်းရှိနံ့သာပေါင်းမီးရှို့ရာ ပလ္လင်၏ထောင့်များရှိအတက်တို့တွင် နွားသွေး အနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွား သွေးကိုတဲတော်တံခါးဝ၌ရှိသောမီးရှို့ ပူဇော်ရာပလ္လင်ခြေရင်းတွင်လောင်းရမည်။-
ထိုနောက်သူသည်တဲတော်အတွင်းရှိနံ့သာ ပေါင်းမီးရှို့ရာပလ္လင်၏ထောင့်များရှိအတက် တို့တွင် နွားသွေးအနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွားသွေးကို တဲတော်တံခါးဝ၌ ရှိသောမီးရှို့ပူဇော်ရာပလ္လင်ခြေရင်းတွင် လောင်းရမည်။-
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
ယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ၏ သွေးကို ယူ၍နှစ်စဉ်နှစ်တိုင်းအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်လေ့ရှိ၏။ ခရစ်တော်မူကားယင်းသို့ ကြိမ်ဖန်များစွာမိမိကိုယ်ကိုပူဇော်ရန်ဝင် တော်မမူ။-
သို့ရာတွင်ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်း သာလျှင် အတွင်းတဲတော်သို့ဝင်ရပေသည်။ သူ သည်ယင်းသို့ဝင်ရသည်မှာလည်းတစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်ပြီးမိမိ၏အတွက်သော် လည်းကောင်း၊ လူတို့မသိဘဲကူးလွန်မိသည့် အပြစ်များအတွက်သော်လည်းကောင်း ပူဇော် ရန်သွေးကိုယူဆောင်၍ဝင်ရလေသည်။-
ထိုနောက်ဆဋ္ဌမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ ဘုရားသခင်၏ရှေ့တော်၌ ရှိသောရွှေယဇ်ပလ္လင်၏ထောင့်လေးထောင့်မှထွက် လာသောအသံကိုငါကြားရ၏။-