ထိုအခန်းသည်အလျားပေသုံးဆယ်၊ အနံပေ သုံးဆယ်၊ အမြင့်ပေသုံးဆယ်ရှိ၍ ယင်းကိုရွှေ စင်ဖြင့်မွမ်းမံထားလေသည်။ ယဇ်ပလ္လင်ကိုမူ သစ်ကတိုးသားဖြင့်ပြုလုပ်ထား၏။-
ထွက်မြောက် 30:1 - Common Language Bible ``နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှ သစ်သားဖြင့်ပြုလုပ်လော့။- Garrad Bible အ မြင့် နှစ် တောင်၊ အ လျား တစ် တောင်၊ အ နံ တစ် တောင်၊ စ တု ရန်း ဖြစ် သော နံ့ သာ ပေါင်း တင် ရှို့ ရာ ပ လ္လင် တော် ကို ရှား သား နှင့် လုပ်၍ စိန် တောင် များ ကို လည်း တစ် ဆက် တည်း ဖြစ် စေ လော့။ Judson Bible တစ်နည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်ကို အကေရှားသစ်သားဖြင့် သင်လုပ်ရမည်။ |
ထိုအခန်းသည်အလျားပေသုံးဆယ်၊ အနံပေ သုံးဆယ်၊ အမြင့်ပေသုံးဆယ်ရှိ၍ ယင်းကိုရွှေ စင်ဖြင့်မွမ်းမံထားလေသည်။ ယဇ်ပလ္လင်ကိုမူ သစ်ကတိုးသားဖြင့်ပြုလုပ်ထား၏။-
ဗိမာန်တော်အတွင်းပိုင်းတစ်ခုလုံးကိုလည်း ကောင်း၊ ဗိမာန်တော်၏အလွန်သန့်ရှင်းရာ ဌာနရှိယဇ်ပလ္လင်ကိုလည်းကောင်းရွှေဖြင့် မွမ်းမံ၍ထားသတည်း။
ရှောလမုန်သည်ဗိမာန်တော်အတွက် ရွှေတန်ဆာ များကိုလည်းပြုလုပ်စေတော်မူ၏။ ယင်းတို့မှ ယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊-
နံ့သာပေါင်းကိုမီးရှို့ရာယဇ်ပလ္လင်အတွက် နှင့်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကို အတောင်ဖြင့်လွှမ်းမိုးထားသော ခေရုဗိမ်များကသည့်ရထားအတွက် ရွှေစင်မည်မျှအသုံးပြုရမည်ကိုညွှန် ကြားတော်မူ၏။-
အာရုန်နှင့်သူ၏သားမြေးတို့သည်နံ့သာ ပေါင်းကိုမီးရှို့ရာပူဇော်သကာနှင့် ပလ္လင်ပေါ် တွင်တင်၍မီးရှို့ရာယဇ်ကိုပူဇော်ဆက်သ ရကြ၏။ သူတို့သည်အလွန်သန့်ရှင်းရာ ဌာနတော်၌ကိုးကွယ်ဝတ်ပြုမှုမှန်သမျှ ကိုလည်းကောင်း၊ ဣသရေလအမျိုးသား တို့၏အပြစ်ဖြေရာယဇ်ပူဇော်မှုများ ကိုလည်းကောင်း၊ တာဝန်ယူ၍ဆောင်ရွက် ရကြ၏။ ယင်းသို့ဆောင်ရွက်ရာ၌သူတို့ သည်ဘုရားသခင်၏အစေခံဖြစ်သူ မောရှေဆင့်ဆိုညွှန်ကြားခဲ့သည့်အတိုင်း လိုက်နာကျင့်သုံးရကြပေသည်။-
သို့သော်သြဇိမင်းသည်တန်ခိုးကြီးလာသော အခါ မာန်မာနလည်းထောင်လွှားလာသဖြင့် အကျိုးနည်းရလေသည်။ သူသည်ဗိမာန်တော် သို့ဝင်၍နံ့သာပေါင်းကို သက်ဆိုင်ရာယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ခြင်းအားဖြင့် မိမိ၏ ဘုရားသခင်ထာဝရဘုရားအားပြစ်မှား၏။-
``အာရုန်သည်တစ်နှစ်လျှင်တစ်ကြိမ်အပြစ် ဖြေရာယဇ်ကောင်၏အသွေးဖြင့်၊ ပလ္လင်၏ ထောင့်ချွန်အတက်လေးခုကိုသုတ်လိမ်း၍၊ ပလ္လင်ကိုသန့်ရှင်းစေရမည်။ သင်၏အမျိုး အစဉ်အဆက်တို့သည်ထိုဝတ်ကိုနှစ်စဉ် အမြဲပြုရမည်။ ထိုပလ္လင်သည်ငါထာဝရ ဘုရားအတွက်ဆက်ကပ်သော၊ အလွန် သန့်ရှင်းသောပလ္လင်ဖြစ်သတည်း။''
ထိုပလ္လင်သည်စတုရန်းဖြစ်၍၊ အလျားတစ်ဆယ့် ရှစ်လက်မ၊ အနံတစ်ဆယ့်ရှစ်လက်မနှင့်အမြင့် သုံးဆယ့်ခြောက်လက်မရှိစေရမည်။ ဦးချို သဏ္ဌာန်ထောင့်ချွန်းအတက်များသည်ပလ္လင် နှင့်တစ်သားတည်းဖြစ်ရမည်။-
စားပွဲနှင့်သက်ဆိုင်ရာပစ္စည်းများ၊ ရွှေမီးတိုင် နှင့်သက်ဆိုင်ရာပစ္စည်းအားလုံး၊ နံ့သာပေါင်း မီးရှို့ရာပလ္လင်၊-
နံ့သာပေါင်းမီးရှို့ရာပလ္လင်နှင့် ထမ်းပိုးတန်း များ၊ ဘိသိက်ဆီ၊ မွှေးကြိုင်သောနံ့သာပေါင်း၊ တဲတော်တံခါးဝကန့်လန့်ကာ၊-
ရွှေယဇ်ပလ္လင်၊ ဘိသိက်ဆီ၊ နံ့သာပေါင်းနှင့် တဲတော်တံခါးဝအတွက်ကန့်လန့်ကာ ကိုလည်းကောင်း၊-
နံ့သာပေါင်းမီးရှို့ရာရွှေပလ္လင်ကို၊ ပညတ် တော်ဆယ်ပါးပါရှိသော ပဋိညာဉ်သေတ္တာရှေ့ တွင်ထား၍၊ တဲတော်တံခါးဝတွင်ကန့်လန့် ကာကိုတပ်ဆင်လော့။-
ထိုအရာသည်ငါးပေမြင့်၍လေးပေကျယ် ၏။ ယင်း၏ထောင့်တိုင်များ၊ အောက်အခြေခံ ဖိနပ်နှင့်နံရံများသည်သစ်သားဖြင့်ပြီး ကြ၏။ ထိုလူက``ဤကားထာဝရဘုရား ၏ရှေ့တော်စားပွဲဖြစ်သည်'' ဟုငါ့အား ဆို၏။
တဲတော်အတွင်းရှိနံ့သာပေါင်းမီးရှို့ရာ ပလ္လင်၏ထောင့်များရှိအတက်တို့တွင် နွားသွေး အနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွား သွေးကိုတဲတော်တံခါးဝ၌ရှိသောမီးရှို့ ပူဇော်ရာပလ္လင်ခြေရင်းတွင်လောင်းရမည်။-
ထိုနောက်သူသည်တဲတော်အတွင်းရှိနံ့သာ ပေါင်းမီးရှို့ရာပလ္လင်၏ထောင့်များရှိအတက် တို့တွင် နွားသွေးအနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွားသွေးကို တဲတော်တံခါးဝ၌ ရှိသောမီးရှို့ပူဇော်ရာပလ္လင်ခြေရင်းတွင် လောင်းရမည်။-
သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။
ရွှေယဇ်ပလ္လင်ကိုအပြာထည်ဖြင့်ဖုံးပြီးလျှင် အပြာထည်အပေါ်တွင်နူးညံ့သောသားရေ ထည်ဖြင့်အုပ်ထားရမည်။ ထိုနောက်ထမ်းပိုး များကိုလျှိုထားရမည်။-
ထိုဌာနတော်တွင်နံ့သာပေါင်းကိုမီးရှို့ရာရွှေ ပလ္လင်နှင့်ရွှေဖြင့်မွမ်းမံထားသည့်ပဋိညာဉ်သေတ္တာ တော်ရှိ၏။ ထိုသေတ္တာတော်အတွင်း၌မန္နမုန့်ထည့် ထားသည့်ရွှေအိုး၊ အဖူးအညွှန့်ထွက်သည့်အာရုန် ၏လှံတံနှင့်ပညတ်တော်များရေးထားသည့် ကျောက်ပြားနှစ်ပြားရှိ၏။-
ထိုနောက်အခြားကောင်းကင်တမန်တစ်ပါး သည်ပလ္လင်တော်အနားသို့လာ၍ရပ်၏။ သူ သည်ရွှေလင်ပန်းကိုကိုင်ထား၏။ ပလ္လင်တော် ရှေ့၌ရှိသောရွှေယဇ်ပလ္လင်ပေါ်မှာဘုရား သခင်၏လူစုတော်ဝင်အပေါင်းတို့၏ဆု တောင်းပတ္ထနာများနှင့်အတူ ပူဇော်မီးရှို့ ရန်များစွာသောနံ့သာပေါင်းကိုသူ့အား ပေးအပ်ထားသည်။-