သင့်အစ်ကိုအာရုန်အတွက်ခန့်ညားထည်ဝါ သောယဇ်ပုရောဟိတ်ဝတ်စုံကိုချုပ်လုပ်ပေး ရမည်။-
ထွက်မြောက် 28:40 - Common Language Bible ``အာရုန်၏သားများဝတ်ဆင်ရန်ထည်ဝါခန့် ညားသောအင်္ကျီ၊ ခါးပန်းနှင့်ဦးထုပ်ရှည်များ ကိုချုပ်ပေးရမည်။- Garrad Bible ဘုန်း အ သ ရေ နှင့် တင့် တယ် စေ ရန် လက် ကျပ် ဝတ် လုံ၊ ခါး ပန်း၊ ဦး ရစ် များ ကို အာ ရုန့် သား တို့ အ ဖို့ လုပ် လျက်၊ Judson Bible အာရုန်၏သားတို့ ဘုန်းအသရေကိုထင်ပေါ်စေခြင်းငှာ၊ အင်္ကျီ၊ ခါးပန်း၊ ဦးထုပ်များကိုလုပ်ပေးရမည်။ မြန်မာ့စံမီသမ္မာကျမ်း အာရုန်၏သားများ ဂုဏ်သရေရှိ၍ တင့်တယ်ခန့်ညားဖို့ သူတို့အတွက် အတွင်းသင်တိုင်းများ၊ ခါးစည်းများ၊ ခေါင်းပေါင်းများကို ချုပ်လုပ်ပေးရမည်။ |
သင့်အစ်ကိုအာရုန်အတွက်ခန့်ညားထည်ဝါ သောယဇ်ပုရောဟိတ်ဝတ်စုံကိုချုပ်လုပ်ပေး ရမည်။-
ထိုသူတို့ချုပ်လုပ်ရမည့်အထည်ဝတ်စုံတို့ သည်ကား ရင်ဖုံး၊ သင်တိုင်း၊ ဝတ်ရုံ၊ ပန်းဖောက်ထား သောအင်္ကျီ၊ ခေါင်းပေါင်း၊ ခါးပန်းတို့ဖြစ်သည်။ ထို အဝတ်တန်ဆာတို့သည်သင်၏အစ်ကိုအာရုန် နှင့်သူ၏သားများသည်၊ ယဇ်ပုရောဟိတ်များ အဖြစ် ငါ၏အမှုကိုထမ်းဆောင်ရာ၌ဝတ် ဆင်ရမည့်ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သည်။-
ခါးပန်းကိုစည်းပေးလော့။ ဦးထုပ်ရှည်များ ကိုဆောင်းပေးလော့။ သင်သည်ဤသို့လျှင် အာရုန်နှင့်သူ၏သားများတို့ကိုဘိသိက် ပေးရမည်။ သူတို့နှင့်သူတို့၏အဆက် အနွယ်တို့သည် ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ငါ၏အမှုတော်ကိုအစဉ်ထာဝရ ဆောင်ရွက်ရမည်။
သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရာ၌ ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ထည် ဝါသောအဝတ်တန်ဆာများ၊ အာရုန်နှင့် သားများဝတ်ဆင်ရန်သန့်ရှင်းသောအဝတ် တန်ဆာများကိုလည်းကောင်း၊ မောရှေထံသို့ ယူဆောင်ခဲ့ကြ၏။-
ဇိအုန်မြို့၊သင်သည်တစ်ဖန်ပြန်လည်ကြံ့ခိုင် ခမ်းနားကြီးကျယ်၍လာလော့။ အို ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်၊ သင်၏ကိုယ်ကိုဘုန်းအသရေနှင့်လွှမ်းခြုံပါလော့။ တိုင်းတစ်ပါးသားတို့သည် နောက်တစ်ဖန်အဘယ်အခါ၌မျှသင်၏ တံခါးထဲ၌ဝင်ရကြတော့မည်မဟုတ်။
သူသည်သီးသန့်နေရာတွင်ရေချိုးပြီးနောက် မိမိ၏အဝတ်အင်္ကျီများကိုဝတ်ဆင်ရမည်။ ထို့နောက်သူသည်ယဇ်ပလ္လင်သို့ထွက်သွား၍ မိမိ၏အပြစ်နှင့်ဣသရေလအမျိုးသား တို့၏အပြစ်များအတွက် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။-
ထိုနောက်မောရှေသည်ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းအာရုန်၏သားများကို ရှေ့သို့ခေါ်ဆောင်၍ အင်္ကျီများကိုဝတ်ဆင်ပေး ပြီးနောက်ခါးပန်းကိုခါးတွင်စည်းပေး၏။ ဦး ခေါင်းများပေါ်တွင်လည်းဦးထုပ်များကို ဆောင်းပေး၏။
သို့မဟုတ်ခိုးဝှက်မှုကိုမပြုရ။ ယင်းသို့ပြု မည့်အစားသူတို့သည်အစဉ်ရိုးသား၍ သစ္စာ ရှိသူများဖြစ်ကြောင်းပေါ်လွင်စေရမည်။ ဤ နည်းအားဖြင့်သူတို့သည်မိမိတို့ပြုသမျှ သောအမှုတို့တွင် ငါတို့ကယ်တင်ရှင်ဘုရား သခင်၏တရားတော်အရောင်အဝါကိုပိုမို၍ ထွန်းတောက်စေကြလိမ့်မည်။
ကိစ္စအဝဝ၌သင်ကိုယ်တိုင်ပင်လျှင်စံနမူ နာကောင်းကိုပြလော့။ တည်ကြည်လေးနက်စွာ သြဝါဒပေးလော့။-
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-