ထွက်မြောက် 28:11 - Common Language Bible ပန်းထိမ်ပညာသည်၏လက်စွမ်းဖြင့်ကျောက်နှစ် လုံးပေါ်တွင် ယာကုပ်သားတို့၏နာမည်များကို ထွင်း၍၊ ထိုကျောက်များကိုရွှေပန်းထည်၌ထည့် ထားရမည်။- Garrad Bible ရွှေ ပန်း ထည်၌ ထည့် သွင်း ပြီး လျှင်၊ Judson Bible တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ကျောက်လုပ်သော အလုပ်နှင့်တကွ၊ ဣသရေလအမျိုး၏ နာမည်တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင်၍ ရွှေကျောက်အိုး၌ ထည့်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းတံဆိပ်အဖြစ် ထိုကျောက်နှစ်လုံးအပေါ်၌ ကျောက်ဆစ်အတတ်ပညာဖြင့် ကမ္ပည်းထိုး၍ ရွှေကျောက်မျက်အိုး၌ ထည့်ထားရမည်။ |
တစ်လုံးပေါ်တွင်သားခြောက်ယောက်၏နာမည် များကိုကြီးစဉ်ငယ်လိုက်ထွင်း၍၊ အခြား ကျောက်တစ်လုံးပေါ်တွင် ကျန်သောသားခြောက် ယောက်၏နာမည်ကိုထွင်းရမည်။-
ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ကိုသတိရ စေရန် ထိုကျောက်နှစ်လုံးကိုသင်တိုင်း၏ပခုံး သိုင်းကြိုးများပေါ်မှာတပ်ဆင်ရမည်။ ထိုနည်း အားဖြင့်အာရုန်သည်သူတို့၏နာမည်များ ကိုပခုံးပေါ်တွင်ဆောင်ထားသဖြင့် ငါ ထာဝရဘုရားသည်ငါ၏လူမျိုးတော် ကိုအစဉ်သတိရတော်မူလိမ့်မည်။-
ဣသရေလတစ်ဆယ်နှစ်မျိုးကိုရည်ဆောင်၍ ကျောက်မျက်တစ်ဆယ်နှစ်လုံးတွင်တစ်လုံးစီ ၌ ယာကုပ်၏သားတစ်ယောက်စီ၏နာမည်ကို ထွင်းထားရမည်။-
အခြားရွှေကြိုးနှစ်စကိုရွှေပန်းထည်နှစ်ခုတွင် တပ်ဆင်သဖြင့် ရင်ဖုံးကိုသင်တိုင်းပခုံးသိုင်း ကြိုးများနှင့်ဆက်လျက်ရှိစေမည်။-
``ရွှေပြားတစ်ချပ်ကိုပြုလုပ်ပြီးလျှင် `ထာ ဝရဘုရားအား ဆက်ကပ်ထားသည်' ဟူ၍ ကမ္ပည်းထိုးထားလော့။-
စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်နှင့်နဂါး သွဲ့ကျောက်တို့ကို ရွှေပန်းထည်များ၌ထည့် သွင်းထား၏။-
အခြားအဖျားနှစ်ခုကိုရွှေပန်းထည်နှစ်ခု တွင်ချည်နှောင်ထား၏။ ဤနည်းအားဖြင့်ရွှေ ကြိုးလိမ်များသည်၊ သင်တိုင်း၏ပခုံးသိုင်း ကြိုးများအရှေ့ပိုင်းတွင်တပ်ထားလျက် ရှိလေ၏။-
သူတို့သည်မဟူရာကျောက်များကိုသွေး၍ ရွှေပန်းထည်၌ထည့်ပြီးလျှင်၊ ယာကုပ်၏ သားတစ်ဆယ့်နှစ်ယောက်တို့၏နာမည်များ ကိုကျောက်များပေါ်တွင်ထွင်းထားလေသည်။-
ထာဝရဘုရားသည် ယောယကိမ်၏သားယုဒ ဘုရင်ယေခေါနိအား``အကယ်၍သင်သည်ငါ ၏လက်ယာလက်တွင်ရှိသောတံဆိပ်လက်စွပ်ပင် ဖြစ်စေကာမူ ငါသည်အသက်ရှင်တော်မူသော ဘုရားဖြစ်သည်နှင့်အညီသင့်ကိုဆွဲချ၍၊-
မှန်ကူကွက်ခုနစ်ခုရှိသောကျောက်တုံးကို လည်း ယောရှု၏ရှေ့တွင်ငါချထားမည်။ ထို ကျောက်ပေါ်တွင်ကမ္ပည်းရေးထိုးပြီးလျှင် ဤ ပြည်၏အပြစ်ဒုစရိုက်ကိုတစ်နေ့ချင်း တွင်းပယ်ရှားပစ်မည်။-''
သင်တို့လည်းကယ်တင်ခြင်းဆိုင်ရာသတင်း ကောင်းတည်းဟူသောသမ္မာတရားကိုကြား ရသောအခါ ဘုရားသခင်၏လူစုတော်ဝင် များဖြစ်လာကြ၏။ သင်တို့သည်ခရစ်တော် ကိုယုံကြည်၍ဘုရားသခင်သည် မိမိ ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ် တော်ကိုချပေးခြင်းအားဖြင့် သင်တို့အား မိမိပိုင်တော်မူကြောင်းတံဆိပ်ခတ်နှိပ်တော် မူ၏။-
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ် မနာစေနှင့်၊ အဘယ်ကြောင့်ဆိုသော်ဝိညာဉ်တော် သည် သင်တို့အားဘုရားသခင်ပိုင်တော်မူကြောင်း သက်သေခံတံဆိပ်အမှတ်အသားဖြစ်၍ နောက်ဆုံး သောနေ့ရက်၌သင်တို့သည်ကိုယ်တော်၏ကယ်တင် ခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်းအာမခံချက် ဖြစ်သောကြောင့်တည်း။-
သို့ရာတွင်ဘုရားသခင်ချထားတော်မူ သည့်အုတ်မြစ်သည်ခိုင်ခံ့လျက်ရှိပေသည်။ ထိုအုတ်မြစ်ပေါ်တွင်``ထာဝရဘုရားသည် မိမိ၏လူစုတော်အားသိတော်မူ၏'' ဟူ၍ လည်းကောင်း၊``သခင်ဘုရား၏နာမတော်ကို ခံရသူအပေါင်းတို့သည်မကောင်းမှုကို ရှောင်ကြဉ်ရကြမည်'' ဟူ၍လည်းကောင်း ကမ္ပည်းရေးထိုး၍ထားသတည်း။
ထိုနောက်အသက်ရှင်တော်မူသောဘုရားသခင် ၏တံဆိပ်တော်ကို ကိုင်ဆောင်လာသောကောင်းကင် တမန်တစ်ပါးသည် အရှေ့အရပ်မှတက်လာ သည်ကိုငါမြင်ရ၏။ သူသည်ကုန်းမြေနှင့် ပင်လယ်တို့ကိုဘေးဥပဒ်သင့်စေနိုင်ခွင့်ကို ရရှိထားသည့်ကောင်းကင်တမန်လေးပါး တို့အား၊-