သင်တို့သည်တိုင်းပြည်ကိုသိမ်းပိုက်နိုင်ရန်လူဦး ရေတိုးပွားလာသည်အထိ ငါသည်သူတို့ကို တစ်စတစ်စမောင်းထုတ်မည်။-
ထွက်မြောက် 23:29 - Common Language Bible ငါသည်ထိုလူမျိုးအားလုံးတို့ကိုတစ်နှစ် အတွင်းမောင်းထုတ်မည်မဟုတ်။ အကယ်၍ထို သို့ပြုမူပါမူ တိုင်းပြည်တွင်လူသူကင်းမဲ့၍ သားရဲများမင်းမူသဖြင့်သင်တို့အားအန္တရာယ် ဖြစ်စေမည်။- Garrad Bible ပြည် ဆိတ် ညံ လျက် တော သား ရဲ များ ပြား မည် ကို စိုး၍ တစ် နှစ် ချင်း တွင် သင် တို့ ရှေ့ က ငါ နှင် ထုတ် မည် မ ဟုတ်။ Judson Bible ထိုလူများကို တစ်နှစ်ချင်းတွင် သင့်ရှေ့မှာငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည်သင့်တစ်ဖက်၌ များပြားလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှောက်မှတစ်နှစ်ချင်းတွင် နှင်ထုတ်မည်မဟုတ်။ နှင်ထုတ်လျှင် ထိုပြည်သည် လူသူကင်းမဲ့၍ တောရိုင်းတိရစ္ဆာန်များပြားသောပြည်ဖြစ်လိမ့်မည်။ |
သင်တို့သည်တိုင်းပြည်ကိုသိမ်းပိုက်နိုင်ရန်လူဦး ရေတိုးပွားလာသည်အထိ ငါသည်သူတို့ကို တစ်စတစ်စမောင်းထုတ်မည်။-
ငါသည်အခြားလူမျိုးများကိုသင်တို့ချီ တက်ရာလမ်းကြောင်းမှနှင်ထုတ်၍ သင်တို့၏ နယ်မြေကိုတိုးချဲ့ပြီးသည့်အခါသင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ပွဲတော်ကြီးသုံးခုကျင်းပနေချိန်အတွင်း၊ မည်သည့်ရန်သူမျှသင်တို့ကိုမတိုက်ခိုက် စေရ။
ကိုယ်တော်သည်သင်တို့ချီတက်နေစဉ် ထိုလူ မျိုးများကိုတဖြည်းဖြည်းနှင်ထုတ်တော်မူ လိမ့်မည်။ သင်တို့သည်သူတို့အားလုံးကို ချက်ချင်းမပယ်ရှင်းနှင့်။ ချက်ချင်းပယ်ရှင်း လျှင် သားရဲတိရစ္ဆာန်တို့သည်များပြားလာ၍ သင်တို့ကိုအန္တရာယ်ပြုလိမ့်မည်။-
ယုဒအနွယ်ဝင်တို့သည်ယေရုရှလင်မြို့ တွင်နေထိုင်သောယေဗုသိအမျိုးသားတို့ ကိုနှင်မထုတ်နိုင်သဖြင့် သူတို့သည်ယနေ့ တိုင်ယုဒအနွယ်ဝင်တို့နှင့်အတူထိုမြို့ တွင်နေထိုင်ကြလေသည်။
သို့ရာတွင်သူတို့သည်ဂေဇာမြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့ကိုမနှင်ထုတ် ဘဲ မိမိတို့ထံတွင်ကျွန်အဖြစ်ဖြင့်နေထိုင် စေကြသည်။