``လူတစ်ဦးမိမိ၏လယ်ကိုမီးရှို့သည့်အခါ ပေါင်းပင်များကိုမီးစွဲလောင်၍၊ သူတစ်ပါး လယ်ထဲရှိကောက်လှိုင်းပုံများနှင့်စပါးပင် တို့ကိုမီးကူးစက်လျှင် မီးရှို့သူသည်ပျက်စီး ဆုံးရှုံးသူအတွက်လျော်စေရမည်။-
ထွက်မြောက် 22:7 - Common Language Bible လူတစ်ဦးကအခြားလူတစ်ဦးထံ၌၊ ငွေ သို့မဟုတ်အဖိုးတန်ပစ္စည်းများကိုအပ်နှံ ထားသောအခါ၊ ထိုပစ္စည်းများခိုးယူခြင်း ခံရသော်ခိုးသူကိုမိလျှင် ခိုးသူကနှစ်ဆ ပြန်လျော်စေရမည်။- Garrad Bible မည် သူ မ ဆို သူ တစ် ထူး ထံ၊ ရွှေ ငွေ၊ အ သုံး အ ဆောင် ကို စောင့် ထိန်း ရန် အပ် ထား စဉ် ထို သူ့ အိမ် မှ ခိုး ယူ ရာ သူ ခိုး ကို ဖမ်း မိ လျှင် နှစ် ဆ လျော် စေ။ Judson Bible လူတစ်ဦးသည် အိမ်နီးချင်းတစ်ဦး၌ ရွှေငွေအစရှိသော ဥစ္စာတစ်စုံတစ်ခုကိုအပ်နှံ၍၊ အပ်နှံခံသောသူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကိုတွေ့မိသောအခါ နှစ်ဆလျော်စေ။ မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ ငွေ၊ သို့မဟုတ် ပစ္စည်းကို ထိန်းသိမ်းပေးရန်အပ်ထားရာ သူခိုးသည် ၎င်းတို့ကို အပ်ထားသောအိမ်မှခိုးယူ၍ သူ့ကိုဖမ်းမိလျှင် သူသည် နှစ်ဆအလျော်ပေးရမည်။ |
``လူတစ်ဦးမိမိ၏လယ်ကိုမီးရှို့သည့်အခါ ပေါင်းပင်များကိုမီးစွဲလောင်၍၊ သူတစ်ပါး လယ်ထဲရှိကောက်လှိုင်းပုံများနှင့်စပါးပင် တို့ကိုမီးကူးစက်လျှင် မီးရှို့သူသည်ပျက်စီး ဆုံးရှုံးသူအတွက်လျော်စေရမည်။-
အဖမ်းခံရချိန်၌ သူခိုးသည်အရှက်ကွဲရ သကဲ့သို့ သင်၏ဘုရင်များ၊ မင်းညီမင်းသား များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ သင် တို့ဣသရေလပြည်သားအပေါင်းတို့သည် အရှက်ကွဲရကြလိမ့်မည်။-
``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။-
တစ်ဖန်ထာဝရဘုရားသည်မောရှေအား အောက်ပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူ၏။-
တစ်စုံတစ်ယောက်သည်ဣသရေလအမျိုး သားချင်းတစ်ဦးက အပ်နှံထားသောအာမခံ ငွေကိုပြန်ပေးရန်ငြင်းဆိုလျှင်သော်လည်း ကောင်း၊ သူ့ထံမှပစ္စည်းတစ်စုံတစ်ခုကိုခိုး ယူခြင်းသို့မဟုတ်သူ့အားလိမ်လည်လှည့် ဖြားခြင်းပြုလျှင်လည်းကောင်း၊-
ဤသို့ပြောဆိုရာ၌သူသည်ဆင်းရဲသူတို့ အားကြင်နာထောက်ထား၍မဟုတ်၊ ခိုးဝှက် တတ်သူဖြစ်၍သာလျှင်ပြောဆိုခြင်းဖြစ်၏။ သူသည်ငွေအိတ်ကိုလွယ်ရသူဖြစ်၍ငွေများ ကိုခိုးယူသုံးစွဲလေ့ရှိသတည်း။
သူခိုးများ၊ လောဘလွန်ကူးသူများ၊ သေ သောက်ကြူးသူများ၊ ဆဲရေးတိုင်းထွာသူများ နှင့်လုယက်တိုက်ခိုက်သူများသည် ဘုရား သခင်၏နိုင်ငံတော်သားဖြစ်ကြရလိမ့်မည် မဟုတ်။-