အကယ်၍နွားပိုင်ရှင်သည်မိမိအသက် ချမ်းသာရန်အတွက်လျော်ကြေးပေးခွင့် ရလျှင် တောင်းဆိုသမျှလျော်ကြေးကိုပေး ဆောင်ရမည်။-
နွား ရှင် လည်း အ သေ ခံ စေ။ သို့ မ ဟုတ် ကိုယ် အ သက် ရွေး နုတ် ရန် စီ ရင် ချက် ရ လျှင် စီ ရင် သည့် အ တိုင်း ရွေး နုတ် ရန် လျော် ကြေး ကို ပေး စေ။
သို့မဟုတ် ငွေလျော်စေဟုစီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဖိုးကိုလျော်ရမည်။
အကယ်၍ သူ့အားလျော်ကြေးတောင်းမည်ဆိုလျှင် တောင်းသမျှကို သူသည် မိမိအသက်ကိုရွေးနုတ်သောအဖိုးအခအဖြစ် ပေးရမည်။
``လူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားနေစဉ် ကိုယ်ဝန်ဆောင်မိန်းမကိုထိခိုက်မိသဖြင့် ကိုယ် ဝန်ပျက်သော်လည်းဒဏ်ရာမရစေလျှင်၊ ထိ ခိုက်နာကျင်စေသောသူကထိုမိန်းမ၏လင် ယောကျာ်းတောင်းဆိုသမျှလျော်ကြေးကို တရားသူကြီးများ၏သဘောတူညီချက် ဖြင့်ပေးရမည်။-
အကယ်၍နွားသည်လူကိုဝှေ့တတ်ကြောင်း နွား ပိုင်ရှင်အားသတိပေးပါလျက်နှင့်ချည်နှောင် ၍မထားသောကြောင့် လူတစ်ယောက်ကိုဝှေ့ သတ်ခဲ့လျှင်ထိုနွားကိုကျောက်ခဲနှင့်ပစ်၍ သတ်ရမည်။ နွားရှင်ကိုလည်းသေဒဏ်ပေးရ မည်။-
နွားသည်ယောကျာ်းကလေးသို့မဟုတ်မိန်း ကလေးတစ်ဦးကိုဝှေ့သတ်လျှင် ထိုနည်း အတိုင်းစီရင်ရမည်။-
``သင်သည်ဣသရေလအမျိုးသားတို့၏သန်း ခေါင်စာရင်းကိုကောက်ယူသောအခါ စာရင်း ယူချိန်တွင်၊ သူတို့၌ဘေးမသင့်စေခြင်းငှာ၊ လူတိုင်းမိမိ၏အသက်ဖိုးကိုထာဝရ ဘုရားအားဆက်သရမည်။-
စည်းစိမ်သည် ရတတ်သောသူ၏အသက်ကို ရွေးဘို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သော စကားကို မကြားဘဲနေ၏။