ထိုအခါလူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်မှာတော်မူသမျှကိုလိုက် နာပါမည်'' ဟုတညီတညွတ်တည်းပြောကြား ကြ၏။ မောရှေသည်လည်းလူအပေါင်းတို့၏ ဖြေကြားချက်ကိုထာဝရဘုရားထံလျှောက် ထားလေ၏။
လူ အ ပေါင်း တို့ က၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သ မျှ အ တိုင်း ပြု ပါ မည် ဟု တစ် ညီ တစ် ညွတ် တည်း ဝန် ခံ ကြ လျှင် သူ တို့ စ ကား ကို ထာ ဝ ရ ဘု ရား ထံ မော ရှေ ပြန် လျှောက် လေ ၏။
လူအပေါင်းတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီတညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ၏။
လူအပေါင်းတို့က “ထာဝရဘုရားမိန့်ဆိုတော်မူသမျှတို့ကို အကျွန်ုပ်တို့ပြုပါမည်”ဟု တညီတညွတ်တည်းပြန်ဖြေကြ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ပြန်လျှောက်လေ၏။
သူတို့ကမောရှေအား``ကိုယ်တော်ကသာ အကျွန်ုပ်တို့အား ထာဝရဘုရား၏အမိန့်ကို ဆင့်ဆိုပါ။ အကျွန်ုပ်တို့နားထောင်ပါမည်။ ထာဝရဘုရားကအကျွန်ုပ်တို့အားတိုက် ရိုက်မိန့်ကြားပါက အကျွန်ုပ်တို့သေမည် ကိုစိုးရိမ်ပါသည်'' ဟုဆိုလေ၏။
မောရှေသည်ဣသရေလအမျိုးသားတို့ထံသို့ ပြန်လာ၍၊ ထာဝရဘုရားပညတ်သမျှနှင့် စီရင်တော်မူချက်အလုံးစုံတို့ကိုပြောကြား လေ၏။ လူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာဆောင်ရွက်ပါမည်'' ဟုတညီတညွတ် တည်းဆိုကြ၏။-
ထိုနောက်သူသည်ထာဝရဘုရား၏ပညတ် များရေးထားသောပဋိညာဉ်စာအုပ်ကိုယူ၍ လူအပေါင်းတို့ကြားနိုင်အောင်ဖတ်ပြလေသည်။ သူတို့ကလည်း``အကျွန်ုပ်တို့သည်ထာဝရ ဘုရားမိန့်တော်မူသမျှကိုလိုက်နာပါမည်'' ဟုဆိုလေ၏။
သူတို့သည်ပြောပြသမျှကိုယုံကြ၏။ ထာဝရဘုရားသည်သူတို့ထံသို့ကြွလာ ၍ သူတို့ခံရသောဆင်းရဲခြင်းကိုသိမှတ်တော် မူပြီဖြစ်ကြောင်းကို ကြားသိရသောအခါသူ တို့သည်ထာဝရဘုရားအားဦးညွှတ်ရှိခိုး ကြ၏။
လူတို့က``အကျွန်ုပ်တို့သည်ထာဝရဘုရား ကိုသာဝတ်ပြုကိုးကွယ်ပါမည်'' ဟုယောရှု အားပြန်၍လျှောက်ထားကြ၏။
ထိုအခါလူတို့ကယောရှုအား``အကျွန်ုပ်တို့ သည်အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်၍ ကိုယ်တော်၏ စကားတော်ကိုနားထောင်ပါမည်'' ဟုကတိ ပေးကြ၏။