``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊-
ထွက်မြောက် 17:16 - Common Language Bible ထိုနောက်မောရှေက``ထာဝရဘုရား၏အလံ တော်ကိုမြှောက်ထားလော့။ ထာဝရဘုရားသည် အာမလက်အမျိုးသားတို့အားထာဝစဉ် တိုက်ခိုက်တော်မူမည်'' ဟုဆိုလေ၏။ Garrad Bible ၎င်း ပြင် မော ရှေ က၊ ထာ ဝ ရ ဘု ရား သည် အာ မ လက် လူ တို့ အား အ မျိုး အ စဉ် အ ဆက် စစ် တိုက် တော် မူ လိမ့် မည် ဟူ ၍၊ ထာ ဝ ရ ဘု ရား ၏ ပ လ္လင် တော် သို့ လက် မြှောက် လျက် သ စ္စာ ပြု လေ ပြီ ဟု ဆို သ တည်း။ Judson Bible အကြောင်းမူကား၊ အာမလက်လူမျိုး၏လက်သည် ထာဝရဘုရား၏ ရာဇပလ္လင်တော်၏ရန်ဘက်ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ကာလအစဉ်အဆက် အာမလက်အမျိုးကိုစစ်တိုက်တော်မူလိမ့်မည်ဟု ဆိုသတည်း။ မြန်မာ့စံမီသမ္မာကျမ်း မောရှေက “လက်တစ်ဖက်သည် ထာဝရဘုရား၏ပလ္လင်တော်အပေါ် ဆန့်ထားလျက်ရှိသည်ဖြစ်၍ ထာဝရဘုရားသည် အာမလက်လူတို့ကို မျိုးဆက်အဆက်ဆက် စစ်တိုက်တော်မူလိမ့်မည်”ဟု ဆို၏။ |
``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊-
ထာဝရဘုရားသည်ငါ၏ခွန်အားကြီးသော အကာအကွယ်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည်ကိုယ်တော်အားထောမနာပြုပါမည်။ ကိုယ်တော်သည်ငါ့အဖ၏ဘုရားသခင် ဖြစ်တော်မူ၍ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို ကူးရင့်သီဆိုပါမည်။
ထာဝရဘုရားက``ကောင်းကင်ဘုံသည်ငါ ၏ရာဇပလ္လင်ဖြစ်၍ကမ္ဘာမြေကြီးသည် ငါ ၏ခြေတင်ခုံဖြစ်၏။ ထိုကြောင့်သင်တို့သည် ငါ၏အတွက်အဘယ်သို့သောဗိမာန်၊ ငါ ကျိန်းဝပ်ရန်အတွက်အဘယ်သို့သော အဆောက်အဦးကိုတည်ဆောက်နိုင်ကြ ပါမည်နည်း။-
`ကောင်းကင်ဘုံသည်ငါ၏ပလ္လင်ဖြစ်၏။ ကမ္ဘာမြေကြီးသည်ငါ၏ခြေတင်ခုံဖြစ်၏။ သင်သည်အဘယ်သို့သောဗိမာန်တော်ကို ငါ့အတွက်တည်ဆောက်မည်နည်း။ ငါကျိန်းဝပ်ရန်အရပ်ကားအဘယ်မှာနည်း။